တစ်ဦးတည်းသော သား
ငယ်ထွေးနိုးလာတော့...ခါတိုင်းလိုပါပဲ...မပွင့်တဲ့မျက်လုံးလေးနဲ့ လှုပ်စိလှုပ်ပက်လေးလုပ်ရင်းထွက်လာတယ်။
ငယ်ထွေးအဖွားက ငယ်ထွေးကိုတွဲလာရတယ်။
အဖွားကိုတွဲလာရတာမဟုတ်ဘူး...အဖွားကတွဲလာရတာ။ မျက်လုံးမှမဖွင့်တာကို...ငယ်ထွေးပေါက်က။
မြေးအဖွားနှစ်ယောက် တစ်ယောက်ခါးတစ်ယောက်ဖက်ရင်းထွက်လာတာ။"ဟင်....အစောကြီးမထနဲ့ဆိုတာကို... "
"ဟုတ်တယ်....နိုးနေတာနဲ့..ထလိုက်တော့တာ"
မနက်စာ စားဖို့စောင့်နေတာကိုမြင်တာနဲ့ပြောတော့တာပဲ။
"လင်းသန့်လေး...မေမေ ဆီထမင်းထိုးပေးထားတယ်...ငါးရံခြောက်ဖုတ်လေးနဲ့...ခုချိန် စားရင်သားလေး ထမင်းစားနိုင်ပါတော့မလား...ဟင်...အိပ်ယာနိုးတဲ့အချိန်ကိုကြည့်ပါအုံး"
"ဟင့်... စားမှာပဲ...ထမင်းမဆာရင် မစားဘူး....ရတယ်"
"ငါ့မြေးပေါက်လေး စိတ်ကြိုက်လုပ်စမ်းပါစေအေ...စားသာစား လင်းသန့်လေး...ထပ်ပြီးဘာစားချင်သေးလဲ"
"ကော်ရည်သောက်မယ်.....ဆန်ခေါက်ဆွဲလေးနဲ့...အီကြာကွေးလေးနဲ့"
"ပြီးတော့ရော....ဘာစားချင်သေးတာလဲ"
"မေမေ...သားတို့ကျောင်းနားက အသုတ်ဆိုင်ဖွင့်သေးလား"
"ဖွင့်တယ်လေ"
"အသုတ်သွားစားရမယ်"
အိမ်မှာ စိတ်တိုင်းကျစီစဥ်ခိုင်းတာတွေရော...အပြင်ထွက်လုပ်ရမှာတွေရော တန်းစီနေတော့သည်။
အမေနဲ့အဖွားက ငယ်ထွေးကို အတော်လေးဂရုစိုက်သည်။ တကယ်ကိုအရိပ်တကြည့်ကြည့်နဲ့ တထွေးထွေး တပိုက်ပိုက်ရှိလွန်းသည်။"ညကအေ....လင်းသန့်လေး ဖွားကိုဖက်အိပ်တာ ဖွား ညောင်းလို့"
"အမေ့မြေး နို့ရောကိုင်သေးလား"
"ကိုင်သေးလား....လင်းသန့်လေး.. ပြောပြလိုက်..."
ပြောရင်းအဖွားကရယ်နေတော့သည်။
ငယ်ထွေးက ဘယ်လိုလဲလို့...အဖွားနို့ကိုင်သေးတာလား။"မကိုင်ပါဘူး...သား ဖက်ပဲအိပ်တာ....ကလေးမှ မဟုတ်တော့တာ"
တကယ်ကို ကလေးမဟုတ်တဲ့ ကလေးပါပဲ။
ချွဲလိုက်တာလဲ ပြစ်လို့။
YOU ARE READING
မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေ
Romanceမိုးကုပ်စက်ဝိုင်းနဲ့ ကမ္ဘာမြေကြီး ထိစပ်သွားသလိုထင်ခဲ့မိတဲ့ အချိန် ကလေးတိုင်းမှာရှိခဲ့ဖူးပါတယ်။ ဘယ်တော့မှ မထိစပ် မဆုံတွေ့ဘူးဆိုတာ သိနေတဲ့အရွယ်ရောက်သည့်တိုင်အောင် ကျွန်တော် မိုးကုပ်စက်ဝိုင်းနဲ့ကမ္ဘာမြေကြီး ဆုံတွေ့ပါစေလို့ ဆုတောင်းမိဆဲ....