part(52)

7.6K 722 35
                                    

Unicode

အသက်ရှုလို့မရဘူး....

နောက်တစ်နေ့မှာ...ဧည့်သည်လာမှာမို့ မေမေက မိုးလင်းကတည်းကသူ့အကူအန်တီတွေ လှမ်းခေါ်ထားပြီး ချက်ပြုတ်နေတာ။
ဒီဇင်ဘာပိတ်ရက်မို့ အကူတွေရော ကျောင်းသားတွေရောမရှိကြဘူး။
မေမေခေါ်လို့ လာဝိုင်းကူတဲ့အန်တီနှစ်ယောက်နဲ့တူတူ မောင်ကလဲ မီးဖိုထဲမှာဝိုင်းကူတယ်။
လင်းသန့်ကြည်မှာ ဘဂျမ်းဒီလိုကူလုပ်ပေးနေတာကို သဘောမကျဘူး။ ဘယ်လိုပြောပြီးတားရမလဲ အကြံထုတ်နေရတယ်။
ဧည့်သည်လာမှာမို့ အလုပ်တွေများတယ်ဆိုပေမဲ့ အန်တီကြီးတွေလာဝိုင်းကူနေတာပဲ။ အဆင်ပြေသွားမှာပါ။
ပြီးတော့...ရိုးရိုးလာတဲ့ ဧည့်သည်မှမဟုတ်တာ။
အခန့်မသင့်ရင် သူ့ရင်ထဲကနေ သူ့ငယ်ထွေးကို ဆွဲထုတ်သွားနိုင်တယ်လေ။
ဘဂျမ်းက ဘာမှမဖြစ်သလိုနေပေမဲ့...လင်းသန့်ကြည်ကတော့...မောင်တစ်ယောက် သူ့ကိုထိုးသတ်မဲ့ဓားကို သူကိုယ်တိုင်သွေးပေးနေသလိုပဲ ခံစားရတယ်။
ဒါကြောင့်....ဘယ်လိုအတားအဆီးပဲရှိရှိ မောင့်လက်ကို မလွှတ်ဘူးလို့ ခိုင်မာတဲ့အတွေးကိုတွေးပြီး အားတင်းတယ်။

အဖွားနဲ့နေ နေရပေမဲ့ စိတ်ကမီးဖိုခန်းထဲမှာ။
ရေသောက်လိုက် ရှုးပေါက်လိုက်လုပ်ရင်း အခြေအနေကိုတစေ့တစောင်း သွားပြီးအကဲခတ်ရတယ်။ မေမေနဲ့ဘဂျမ်းက ငယ်ပေါင်းကြီးဖာ်လို စကားလက်ဆုံကျလို့....ရယ်လို့ မောလို့။
မေမေက အဲ့လိုပါပဲ...လင်းသန့်ကြည်ခေါ်လာသမျှ အပေါင်းအသင်း သူငယ်ချင်း မိတ်ဆွေ အားလုံးကို နွေးနွေးထွေးထွေးဆက်ဆံတတ်သည်။
သားလေးတစ်ယောက်ထဲမွေးထားတာမို့ မြင်လေရာသားသမီးအရွယ်လူတွေကို သားသမီးလိုပဲ ဆက်ဆံတတ်သူ။
.
.
.
ဘဂျမ်း ဆိုတာကရော....သူရိုးသားပြီးအေးတာ ခဏချင်းသိရ​စေသူ။
မျက်လုံးလေးတွေကအစ...စကားလေးတွေကအစ ရိုးလွန်းသူ။
ကွယ်ဝှက်ခြင်းမရှိ..ပကတိရေပြင်လိုတည်ငြိမ်ပြီး အေးဆေးသူလေ။
ရောက်ရာနေရာမှာ...သူ့​ရိုးဂုဏ်နဲ့တင့်တယ်တဲ့သူ။

မေမေနဲ့ဘဂျမ်း အဆင်ပြေတာ နားလည်လွယ်ကြတာကို သဘောကျပေမဲ့...ထိုအချင်းအရာတွေဟာ မီးခိုးငွေ့တွေလို နေရောင်အောက်မှာပျောက်ကွယ်လွင့်ပါးသွားမယ်လို့ ထင်မိတာကြောင့် နှမြောတယ်။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now