part(54)

8K 730 18
                                    

ကလေးဆိုး....

ဧည့်သည်တွေပြန်သွားရင် ငယ်ထွေးတော့အမေနဲ့စကားများကြတော့မှာပဲလို့ထင်ထားပေမဲ့...အမေက သိပ်မပြောဘူး...ဆူလဲမဆူသလို စိတ်ဆိုးပုံလဲမပြဘူး။သူ့သားကို မေးတော့မေးတယ်။

"လင်းသန့်...ကလေးမကိုဘယ်လိုသဘောရလဲ"

"သား အမှန်အတိုင်းပဲ ပြောပါရစေ မေမေ...ဘယ်လိုမှ သဘောမရပါဘူး...မုန်းလဲမမုန်းဘူး....လက်ထပ်ဖို့လဲမဖြစ်နိုင်ဘူးထင်တယ် မေမေ"

"သားမှာ... ချစ်သူရှိလို့လား"

"မဟုတ်ပါဘူး...မေမေရဲ့...ကောင်မလေးကသူ့ဘာသူဆို လိုချင်သူတွေဝိုင်းနေမှာပါ...ဒါပေမဲ့ သားအတွက်တော့ ညီမတစ်ယောက်လိုပဲ မြင်တယ်...အဲ့ထက်ပိုပြီး ဘာမှမဖြစ်ချင်ဘူးမေမေ"

"မေမေ စိုးရိမ်တာက ဒီလိုပါ..ရန်ကုန်မှာ မိန်းကလေးတစ်ယောက်ယောက်နဲ့တွေ့ပြီး တစ်ခုခုဖြစ်သွားမှာကို မေမေရော ဖွားရောစိုးရိမ်တယ်....ပြီးတော့ ဒီကိစ္စကိုမေမေ့ဘက်က အတင်းအကျပ်စီစဥ်မှာမဟုတ်လို့ သားလဲ အကြော​က်အကန်မငြင်းနဲ့...အချိန်ယူပြီးစဥ်းစား"

"ကြာရင် မိန်းကလေးဘက် အားနာစရာပါ မေမေရယ်...သားဘက်ကအဆင်မပြေဘူး"

"ထမင်းစားရင်း လုပ်လိုက်တာကရော...အားနာစရာမကောင်းဘူးလား...လင်းသန့်...ဘဂျမ်းရော ရွှေရည်ရော အားနာစရာကောင်းတယ်"

"မဟုတ်ပါဘူး....သားက...သူ့ဘက်ကအနေခက်မှာစိုးလို့ပါ"

"ပြီးတော့...လင်းသန့်က ဘဂျမ်းကိုအနိုင်သိပ်ယူသလိုပဲနော်...ကိုယ့်ကို အနွံတာခံတဲ့လူကို အနိုင်ရသွားလို့ ဘာအကျိုးထူးလဲ လင်းသန့်"

"ဟာ....ရပါတယ်...အန်တီ...ကျွန်တော် ဘာမှ မဖြစ်ပါဘူး....သူ နေတတ်သလိုနေပါစေ...ကျွန်တော်...အဆင်ပြေပါတယ်"

ဘဂျမ်း ပြာပြါသလဲပြောပါတယ်။

"ဘယ်ဟုတ်မလဲ...လင်းသန့်က ရန်ကုန်ရောက်သွားမှ တမျိုးဖြစ်နေသလားတောင် ထင်ရတယ်"

"မဟုတ်ပါဘူး...မေမေကလဲ"

"အဲ့တော့ လင်းသန့်ကိုမေမေပြောချင်တာက...မေမေ့စကားတွေကို ခေါင်းထဲထည့်တွေးထား...အချိန်တန်ရင်လုပ်ရမဲ့ကိစ္စအတွက် မေမေစိတ်ချလက်ချ​ဖြစ်ဖို့စီစဥ်တာကို မငြင်းစေချင်ဘူး"

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now