part(55)

8.4K 751 40
                                    

ရောင်စုံဖြာဆန်းကြယ်...

ဒီဇင်ဘာ...သာ့တီဖတ်စ်

ဒီနေ့ပြန်ရမှာဆိုတော့...ညကတည်းက ဖွားကိုရော မေမေ့ကိုပါ နှုတ်ဆက်တယ်... ကန်တော့တယ်။
ဖွားကမျက်ရည်ကျပေမဲ့ မေမေကလိမ္မာဖို့ ကျန်းမာရေးဂရုစိုက်ဖို့ပဲမှာတယ်။
တကယ်ဆိုအရင်ကလင်းသန့်ကြည်လဲ သိပ်ချူချာတာ။
မေမေနဲ့အဖွားက ယုယလို့လဲပါတာပေါ့လေ။
ရန်ကုန်ရောက်ကာစလဲ အဖျား အနာကလူနဲ့သိပ်မကင်းဘူးရယ်။
နောက်တော့ လုပ်ငန်းခွင်ရဲ့သဘောတရားပဲလားတော့မသိ။ မကျန်းမာသူတွေကြား ပြေးလွှားနေရတော့ ကိုယ့်အနာအဖျားတောင်သတိမရတော့ဘူး။
တော်ရုံဆို ဖျားတယ် နာတယ်တောင်မထင်ဘူး...ဆေးသောက်ပြီး လူနာကုတင်တွေကြား ပြေးပြေးလွှားလွှားနဲ့ ကိုယ့်အဖျားအနာဘယ်ချိန်ပျောက်သွားမှန်းတောင်မသိရဘူး။

မနက်စောစောပဲ ထပြီး မေမေချက်ကျွေးတဲ့မုန့်ဟင်းခါးလေးကို ကောက်ညှင်းပေါင်းလေးနဲ့ပဲပြုတ်လေးထည့်စားလိုက်တာ...အိုး...အရသာရှိလိုက်တာ။
ပြောပြရအုံးမယ်...
မြန်မာပြည်ရဲ့ရိုးရာအစားအစာလို့ပြောလို့ရတယ်...မုန့်ဟင်းခါးကလေ။
ကိုရီးယားမှာ ကင်ချီဆိုရင် မြန်မာမှာ မုန့်ဟင်းခါးပဲ။
မုန့်ဟင်းခါးက တစ်ရွာတစ်ပုဒ်ဆန်းချက်ကြတာဆိုတော့အမျိုးကွဲတွေလဲ တစ်ပုံကြီး။

ဒီဘက်မှာအချက်များတာက ဟင်းစုံလို့ခေါ်တဲ့ တောချက်လေး ဟင်းချိုမှုန့်အရသာလုံးဝမပါသလောက်ဖြစ်ပြီး ငါးပေါတာမို့ငါးနဲ့ချက်ကြတယ်။ ပဲလဲထည့်ချက်တယ်...ဒါပေမဲ့ပြစ်မနေဘူး...မပြစ်မကြဲလေး...ဟင်းရည်အိုးဖွင့်လိုက်တာနဲ့ အနံ့ကလူကိုဆွဲဆောင်သွားတာမျိုး။
မုန့်ဟင်းရည်ထဲကိုမှ အကြော်ထည့်စားကြသလို ကောက်ညှင်းပေါင်းလေးနည်းနည်း စားတော်ပဲပြုတ်လေးနည်းနည်းထည့်စားကြတာ။
မုန့်ဟင်းခါးတော့ မုန့်ဟင်းခါးပဲဆိုပေမဲ့ ထည့်စားတဲ့အမယ်က တစ်မြို့ရောက်ရင်တစ်ခုမတူကြဘူး။
ကရင်ဘက် မွန်ဘက်ရောက်ရင် ပူစီနံတို့ပဲသီးစိမ်းတို့ထည့်စားကြတာ။
ပဲခူးနယ်တဝိုက်မှာ ငါးချဥ်ထည့်စားကြတာတဲ့။
.
.
.
ငယ်ထွေးမေမေလက်ရာ မုန့်ဟင်းခါးလဲကောင်းတာပဲ။
အရသာရှိတယ်။ အရင်ကတည်းက ဘဂျမ်းက မုန့်ဟင်းခါးကြိုက်သူဆိုတော့ သဘောကျတယ်။
စား​ရင်းအမေ့ကိုတောင် လွမ်းသွားသေးတာ။
ငယ်ထွေးကတော့ ကောက်ညှင်းပေါင်းတွေထည့်စားတယ်... ပဲပြုတ်တွေရောပဲ။
ဘဂျမ်းကတော့ ထမင်းလေးနည်းနည်းထည့်ပြီးစားလိုက်တယ်။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now