part(62)

7.8K 752 62
                                    

ငယ်ထွေး...

ငယ်ထွေးလေး မောင့်ကိုခွင့်လွှတ်ပါ။
မောင် ခက်ခဲတဲ့ဆုံးဖြတ်ချက်ကို ရင်နာနာနဲ့ပဲ လုပ်ခဲ့ရတယ်။ ငယ်ထွေးကို နာကျင်စေဖို့မဟုတ်ရပါဘူး။
မောင်ပဲ ဒီနာကျင်မှုတွေကို အားလုံးသယ်သွားချင်ခဲ့တာပါ။
ငယ်ထွေးလေး...ငိုနေမလား။
ငယ်ထွေးငိုနေသံတွေ မောင်ကြားရတယ်။
မောင် တကယ်ပဲကြားနေရတယ် ငယ်ရယ်။
မငိုပါနဲ့တော့ ငယ်ထွေးရယ်။
မောင်က ငယ်ထွေးဘဝကို ရှုပ်ထွေးအောင်လုပ်ခဲ့မိပါတယ်။
မောင့်ခံစားချက်တွေကို မထိန်းသိမ်းနိုင်ဘဲ ငယ်ထွေးအပေါ် မောင် ပြိုလဲခဲ့မိပါတယ်။
ရှေ့ရေး နောက်ရေး မောင်တွေးခဲ့ပေမဲ့ ငယ်ထွေးရယ်...မောင်ငယ်ထွေးကို ရူးမတတ်ကြင်နာမိလို့ ထိန်းချုပ်ရခက်ခဲ့မိပါတယ်။

မောင်တို့နှစ်ယောက်ရဲ့ ပတ်သက်မှုတွေ မရိုးရှင်းတော့တာသိပေမဲ့ မောင့်မှာ ရွေးချယ်စရာမရှိခဲ့ဘူး ငယ်ထွေးရယ်။
မောင် ရင်နာနာနဲ့ထားခဲ့ရတာပါ။
မောင် ရင်တွေမွမွကြေ အသည်းတွေကျွမ်းကုန်ပါပြီ။
မောင် ခန္ဓားကိုယ်က အလုပ်လုပ်နေရတယ်...မောင့်စိတ်တွေကတော့ ငယ်ထွေးဆီကျန်ခဲ့ပါတယ်။
မောင် မခွဲနိုင်ဘူး။
ငယ်ထွေးကို မောင် လုံးဝမခွဲနိုင်ဘူး။
မောင်တို့ မတွေ့ကြမဆုံကြရလို့ လွမ်းလို့ခံစားရတာလဲ ခံစားရတာပေါ့။
မောင်တို့သာ ရှေ့ဆက်ခေါင်းမာမာနဲ့ဇွတ်တိုးပြီး ခံစားချက်ဦးစားပေးမိကြရင် ငယ်ထွေးမေမေ ငယ်ထွေးအဖွား မဝတ်ရည်တို့မိသားစု ပြီးတော့..ငယ်ထွေးအသိုင်းအဝိုင်းကလူတွေ...ငယ်ထွေးကိုချစ်ကြတဲ့လူတွေ နာကျင်ခံစားကြရလိမ့်မယ်။
အားလုံးအတွက် မောင်တို့ခံစားချက်တွေ နောက်ဆုတ်လိုက်ရတာပါ။
လူအများကြီး နာကျင်ခံစားရမှာထက်စာရင် မောင်ခံစားရတာ ပိုကောင်းမယ်လို့ မောင်ထင်မိတယ်။
ငယ်ထွေးဘက်ကို တွေးမိရင်တော့ မောင် ရင်နာလို့မဆုံးပါဘူး ငယ်ထွေးရယ်။
.
.
.
.
မဝတ်ရည်က ဘဂျမ်းကိုနောက်ဆုတ်ဖို့ ပြောပြီး နောက်ပိုင်း ဘဂျမ်းအပေါ် ပိုပြီးဂရုစိုက်ပေးပါတယ်။
အပိုလုပ်နေတာမဟုတ်မှန်း ဘဂျမ်းသိပါတယ်။
မဝတ်ရည်က ဘဂျမ်းတို့နှစ်ယောက်ရဲ့ပတ်သက်မှုကို ယောကျားလေးနှစ်ယောက်ဖြစ်နေလို့ပဲ ရင်နာနာနဲ့
ကန့်ကွက်ခဲ့ရသူပါ။
အဆင့်အတန်းကို ထည့်တွက်လို့ လမ်းခွဲစေချင်တာလုံးဝမဟုတ်မှန်း ဘဂျမ်းသိပါသည်။
လူတစ်ယောက်ကို ငွေနဲ့တန်ဖိုးဖြတ်တတ်တဲ့ မိသားစုမဟုတ်မှန်း ဘဂျမ်းသိခဲ့ရပြီးပြီပဲလေ။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now