Description

44.8K 2.3K 50
                                    

Description

ရဲ့ရွှီဟာ သူဖတ်ထားတဲ့စာအုပ်ထဲကို အချိန်ကူးပြောင်းကာ ရောက်ရှိသွားပြီး ဇာတ်လိုက် မင်းကြီးကိုယ်တိုင် အမှုန့်ဖြစ်လုနီးပါး အစိတ်စိတ်အမွှာမွှာဖြတ်တောက်ခြင်း ခံလိုက်ရတဲ့ အမတ်ကြီးဖြစ်လာခဲ့တယ်။

ရဲ့ရွီက ဒီကိစ္စတွေ မဖြစ်လာခင် ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်ပြီး အထုပ်အပိုးတွေ ပြင်လိုက်တယ်။

လမ်းမှာ သူက ဆေးမိထားသလို ခံစားလာရပြီး တစ်စုံတစ်ယောက်ကို အကူအညီတောင်းကာ မြူဆွယ်ခဲ့တယ်။

နောက်တစ်နေ့ သူ့အိပ်ရာဘေးမှာ ဇာတ်လိုက်မင်းကြီးက သူ့ကို ပြုံးကြည့်နေမယ်လို့ ဘယ်သူက တွေးမိမှာလဲ
" မင်းကောင်းကောင်းအိပ်ပျော်ခဲ့ရဲ့လား?"

ရဲ့ရွှီ:"...."

အသက်ရှင်ဖို့အတွက် ရဲ့ရွှီဟာ နန်းတော်ထဲကို ကြင်ရာတော် အဖြစ်နဲ့ ဝင်သွားခဲ့ရပြီး ဇာတ်လိုက်မင်းကြီး၏ အာဏာ အောက်မှာ ခက်ခဲကြမ်းတမ်းစွာ အသက်ရှင် နေထိုင်ခဲ့ရတယ်။

မင်းကြီး အမိန့်တော် ပြန်တမ်းတွေ ရေး‌ချိန်မှာ မင်းကြီးအနားနေကာ လက်ဖက်ရည်ဆက်သ‌ပြီး မင် သွေးပေးရတယ်။ မင်းကြီး အစာစားလျှင် ဟင်းပွဲတွေကို အဆိပ်ရှိမရှိ စမ်းသပ်ပေးရတယ်။ ညအချိန် မင်းကြီး အနားယူလျှင် အိပ်ရာနွေးအောင် လုပ်ပေးရတယ်

အဲ့တာတွေက ရဲရွှီ သူ့ဗိုက်နည်းနည်းဖောင်းလာတာကို သတိမထားမိခင် အချိန်အထိပဲ

ရဲ့ရွှီက သူကူပြောင်းလာတဲ့ စာအုပ်ဟာ အနည်းငယ်လွဲမှားနေတာကို သတိထားမိလာခဲ့တယ်။
' ဒီ ကမ္ဘာက ABO world ကြီးလားဟ'

သူ ဆေးလဲ မမိထားဘူး။ ဒါက သူ ခွင်ကျွင်း ဖြစ်လာချိန် ပထမဆုံး ပြောင်းလဲမှုပဲ။

မင်းကြီး:" ဒီ ချန်ကျွင်းရဲ့ rut ကာလက ရောက်တော့မယ် ကိုယ်တော်ချစ်တဲ့ ကြင်ရာတော်လေး"

ရဲ့ရွှီ က မင်းကြီးရဲ့ရှေ့မှာ အတွင်းနန်းဆောင် တံခါးကို ကန်ဖွင့်လိုက်ပြီး
" ဟ အခွင့်အရေးရမယ်မထင်နဲ့"

T/N

Hello
ဒါကတော့ ‌historical လေးပေါ့ ဇာတ်လမ်းဇာတ်အိမ် က ကိုယ် အရမ်းကြိုက်တဲ့ Type မလို့ ပြန်ဖြစ်တာပေါ့နော်

✅✔️☑အချိန်ကူးပြောင်းပြီးနောက် အမှတ်အသား ပေးခံလိုက်ရခြင်း { Myanmar Translation }Where stories live. Discover now