Chapter 31

8.2K 1.2K 45
                                    

Chapter 31

သမားတော်ကို ပြန်ပို့ပြီးသွားတော့ ကျင်းဝမ် အခန်းထဲကို ပြန်လာခဲ့တယ်။

ရဲ့ရွှီက စာအုပ်ဖတ်ရင်း အိပ်ရာပေါ်မှာ မှ‌ီနေခဲ့တယ်။ ခြေသံတွေ ကြားတော့ တစ်ချက် မော့ကြည့်လာပြီးနောက် အေးစက်စွာ အကြည့်လွဲလိုက်တယ်။

စစ်ကို မပြေငြိမ်းချင်သေးတဲ့ပုံပဲ

အခုထိ ဘာတွေ အမှားလုပ်မိမှန်းမသိသေးတဲ့ ကျင်းဝမ်:"....."

ခွင်ကျွင်းရဲ့ စိတ်အခြေအနေက ကိုယ်ဝန်ရှိနေချိန်ဆို အရမ်းအထိမခံဖြစ်တတ်တယ်

' ကု ဒီအတိုင်းနေလို့ မရဘူး။ သူ့ကို ချော့ရမယ်။'

ကျင်းဝမ် ဒီစကားတွေကို ထပ်ခါထပ်ခါ စိတ်ထဲ ရေရွတ်လိုက်တယ်။ သူ ရဲ့ရွှီဘေးနားလျှောက်သွားပြီး ထိုင်လိုက်တယ်။
" အားရွှီ ပင်ပန်းနေပြီ။ အရင် ရေသွားချိုးပြီး စောစောအနားယူတော့လေ"

" မသွားဘူး"
ရဲ့ရွှီက သူ့ဘက်ကို ကျောပေးကာ စောင်ခြုံပြီး သူ့ကိုယ်သူ ဖက်ထုပ်လို ထုတ်ထားလိုက်တယ်။

ဒေါသတွေကို ထိန်းရင်း ကျင်းဝမ် သူ့ကို စိတ်ရှည် လက်ရှည်ဆက်ချော့လိုက်တယ်။
" မင်း ဒီနေ့ အအေးမိထားတာလေ။ အအေးမိတာကို ပျောက်ဖို့ ရေနွေးလေးနဲ့ ချိုးရမယ်လေ မဟုတ်ရင် ဖျားသွားလိမ့်မယ်"

ရဲ့ရွှီ ခဏကြာ တိတ်ဆိတ်သွားတယ်။ နောက်တော့ စာအုပ်ကို ဘေးချလိုက်ပြီး လက်တွေ ဆန့်ကာ ပြောလာခဲ့တယ်။
" ဒါဆို အဲ့နေရာကို ချီသွားပေး"

ကျင်းဝမ်:"...."
ဘယ်အချိန်ကတည်းက သူ ကုကို ချောချောမွေ့မွေ့နဲ့ အမိန့်ပေးနိုင်သွားတာလဲ?

ဒါ စည်းမျဉ်းနဲ့ ဆန့်ကျင်မနေဘူးလား

ကျင်းဝမ်က တော်ဝင်သမားတော်ရဲ့ စကားနဲ့ ပက်သက်ပြီး နည်းနည်း စိတ်ဓါတ်ကျချင်သလို ဖြစ်နေတယ်။တွေးရင်းနဲ့ သူဒေါသ ထွက်လာတယ်။
" ကိုယ့်ဘာသာသွား"

ရဲ့ရွှီက ချက်ချင်းပြန်ပြောလိုက်တယ်။
" ဒါဆို မသွားတော့ဘူး"

လူနှစ်ယောက်: တစ်ယောက်က မတ်တပ်ရပ်နေပြီး တစ်ယောက်က ထိုင်နေကာ တစ်ယောက်နဲ့ တစ်ယောက် စိုက်ကြည့်နေကြတယ်။

✅✔️☑အချိန်ကူးပြောင်းပြီးနောက် အမှတ်အသား ပေးခံလိုက်ရခြင်း { Myanmar Translation }Where stories live. Discover now