Chapter 11

11.3K 1.7K 135
                                    

Chapter 11

ကျင်းဝမ်က ရဲ့ရွှီကို အိပ်ဆောင်ကို ခေါ်သွားခဲ့တယ်။

ရဲ့ရွှီက အများကြီး ငိုထားတော့ ရှိုက်နေတာ ပြန်မကောင်းသေးဘူး။

ကျင်းဝမ်က သူ့ကို သူ့ကို အိပ်ရာပေါ် ချ‌ေပးပြီး ထဖို့ လုပ်တော့ လက်တစ်စုံက သူ့ရဲ့ အင်္ကျီစကို ဆွဲထားတယ်

ရဲ့ရွှီရဲ့ မျက်လုံး ထောင့်လေးတွေက နီရဲနေပြီး မျက်တောင်ရှည်လေးတွေမှာ မျက်ရည်စလေးတွေ တွဲလွဲခိုနေကာ ရှင်းလင်းတောက်ပသော နက်မှောင်တဲ့ မျက်ဝန်းတစ်စုံက.... သူ့ကို ယုန်လေးတစ်ကောင်နဲ့ တူသွားစေတယ်။ ဂနာမငြိမ်ဖြစ်ပြီး ကြောက်လန့်ကာ စကားတစ်လုံးမှ မပြောရဲတဲ့ ယုန်လေး..

ဘယ်သူက ဒီလိုရုပ်လေးကို ခံနိုင်ရည်ရှိမှာလဲ

ကျင်းဝမ် သက်ပြင်းချပြီး သူ့ကို ပြန်ပွေ့ဖက်လိုက်ပြန်တယ်။
" ကု မထွက်သွားဘူး"

ပြောပြီးနောက် သူက ခေါင်းလှည့်ကာ အမိန့်ပေးလိုက်တယ်။
" ရေပူ သွားပြင်ထား"

အစေခံက ဟုတ်ကဲ့လို့ပြောပြီး ထွက်သွားတယ်။ ရဲ့ရွှီက ကျင်းဝမ် ရင်ခွင်ထဲ ခေါင်းကို မှီကာ သက်ပြင်းတစ်ချက် ချလိုက်မိတယ်။

သူ လုပ်တာ မှန်သွားပြီ

ကျင်းဝမ် ဆေးကို ထုတ်လိုက်ကတည်းက အဆိပ်မဖြစ်နိုင်ဘူးဆိုတာ သူ ခန့်မှန်းမိသားပဲ

ကျင်းဝမ်က တိုင်းပြည်တစ်ခုရဲ့ ဘုရင်လေ။ သူသာ တစ်ယောက်ယောက်ကို သတ်ချင်ရင် အကြောင်းပြချက်တွေလဲ မလိုသလို ဘယ်လိုရှင်းပြချက်ကို ဖြစ်ဖြစ်နားထောင်မှာ မဟုတ်ဘူး။

ရဲ့ရွှီကို ရှင်းပြချက်ပေးဖို့ ပြောကတည်းက သူ ရဲ့ရွှီကို မသေစေချင်ဘူးဆိုတာ ပြနေတာပဲ

ဒါပေမဲ့ ကျင်းဝမ်က သူ့ကို သတ်ချင်စိတ် မရှိရင်တောင် မူရင်းပိုင်ရှင်က သစ္စာဖောက်ပြီး လုပ်ကြံခဲ့တာတော့ အမှန်ပဲလေ။ ဘာပဲဖြစ်ဖြစ် ဖုံးကွယ်ထားစရာမှ မလိုတာ ဒါ့ကြောင့် သူ့ဘာသာသူ ဝန်ခံလိုက်တာပဲ

သူမမျှော်လင့်ထားတာက.... ဒီခွေးဘုရင်က တကယ်ကြီး သူစကားတွေထဲ ကျရှုံးသွားမယ်လို့လေ

✅✔️☑အချိန်ကူးပြောင်းပြီးနောက် အမှတ်အသား ပေးခံလိုက်ရခြင်း { Myanmar Translation }Where stories live. Discover now