Chapter 2

16.2K 2.1K 86
                                    

Chapter 2

ရဲ့ရွှီ မျက်လုံးဖွင့်လိုက်တယ်။

ရွှေရောင် ဇာခန်းဆီးပါးပါးနဲ့ ဖုံးထားတာကြောင့်
လင်းလင်းချင်းချင်းမရှိသေးဘဲ အလင်းရောင် ဖျော့ဖျော့လေးသာ အထဲကို တိုးဝင်နေတယ်။

ရဲ့ရွှီက သူ့ခေါင်းထက်က မျက်နှာကျက်ကို ကြည့်လိုက်ပြီး တစ်ခုခုကို တွေးမိသွားတယ်။

သူ ... ဘယ်ရောက်နေတာလဲ?

လေထုက နွေးထွေးတဲ့ ရနံ့တွေနဲ့ ပြည့်နှက်နေတယ်။ ပြီးတော့ သတိမထားမိနိုင်လောက်အောင်အရမ်း အရမ်းကို ဖျော့နေတဲ ဝိုင်အနံ့လဲရှိနေသေးတယ်။ ရဲ့ရွှီက နူးညံ့တဲ့အိပ်ရာပေါ်မှာ ထထိုင်လိုက်ပြီး သူအရိုးတွေ ကျိုးသံကို တောင် ကြားလိုက်ရတယ်။

သူ့ကျောအောက်ပိုင်းက အရမ်းနာကျင်နေတာကြောင့် ပြန်လဲကျသွားတယ်

"စစ် စစ်......"

ရဲ့ရွှီ နည်းနည်း ညည်းလိုက်တယ်။
မနေ့ညက မှတ်ဉာဏ်က ရှင်းရှင်းမဖြစ်သေးဘူး။

သူ တောထဲ ဝင်သွားတော့ သူ့ကိုယ်က ပူသထက် ပူလာပြီး အထိအတွေ့တွေကို ပိုပိုပြီး ဆာလောင်လာတယ်။ ဒါပေမယ့် အဲ့မှာ ဘယ်သူမှ ရှိမနေဘူး။သူ ဘယ်သူမှ မရှိတဲ့ တောထဲမှာ အချိန်အကြာကြီးတစ်ယောက်တည်းလမ်းလျှောက်ခဲ့ပြီးတော့ နောက်ဆုံး ခြေသံတွေကြားလိုက်ရတယ်။

သူ့ရဲ့ဦးနှောက်က လိုအင် ဆန္ဒတွေကြောင့် ပရမ်းပတာ ဖြစ်နေတယ်။ သူမှတ်မိတာဆိုလို့ တခြားယောက်ျားတစ်ယောက်ကို သူ့မျက်နှာကို မတွေ့ခိုင်းစေခဲ့ဘူး။

ဒါ့ကြောင့်မို့ အဝတ်စတစ်စကို ဆုတ်ဖြဲကာလူငယ်ရဲ့ မျက်စိကို ဖုံးလိုက်ပြီး သူ့အပေါ်ခုန်တက်လိုက်တယ်။

ပြီးနောက်တော့.....

ရူးသွပ်သွားသလို ထိန်းချုပ်မရနိုင်ဖြစ်သွားပြီး အသိစိတ်ပျောက်သွားတယ်။

ရဲ့ရွှီဟာ သူ့မျက်နှာကို လက်ဝါးနဲ့ အုပ်လိုက်ပြီး နောက်ဆက်တွဲကို မတွေးရဲတော့ဘူး။

သူက အကူအညီ ရှာခိုင်းလိုက်တာ သေချာပါတယ် ဘယ်လိုလုပ် သူက ဒီလို ဖြစ်လာတာလဲ......

✅✔️☑အချိန်ကူးပြောင်းပြီးနောက် အမှတ်အသား ပေးခံလိုက်ရခြင်း { Myanmar Translation }Where stories live. Discover now