Chapter 43

6.7K 1K 33
                                    

Chapter 43

ရှောင်ဟွမ်ရဲ့ စကားကို ကြားပြီး ရဲ့ရွှီရဲ့ ပထမဆုံး တုံ့ပြန်ချက်ကတော့
'ဒီလူက ကျင်းဝမ် သူ့ကို စမ်းသပ်ဖို့ ပို့ခဲ့တဲ့ လူတော့ မဟုတ်ဘူး မလား?'
 
သူ အရမ်း သံသယများတာကို အပြစ်တင်လို့မရဘူးလေ။ မကြာသေးခင်က စပြီး ကျင်းဝမ် သူ့အပေါ် အရမ်းကောင်းလာပေမဲ့ အဲ့ဒီ ကျင်းဝမ် ဆိုတဲ့လူက အရင်တုန်းက သူ့ကို တော်တော်လေး ပရောပရည်လုပ်ထားတာ။ ဒါ့ကြောင့် ရဲ့ရွှီလဲ ရွေးချယ်စရာမရှိဘဲ သေချာ သတိထားရတာပေါ့

အဲ့ဒီအကြောင်းတွေးရင်း ရဲ့ရွှီဟာ သူ့ရှေ့က လူငယ်ကို စိုက်ကြည့်လိုက်တယ်။

ရုပ်ခန္ဓာကိုယ် လွမ်းမိုးမှုကြောင့်မို့လို့လား ခွင်ကျွင်းတွေဟာ အနည်းနဲ့အများဆိုသလို စိတ်အားနည်းတတ်ကြတယ်။ဒါပေမဲ့ သူ့ရှေ့ကကောင်လေးကတော့ မတူဘူး။ ရှောင်ဟွမ်က သိုင်းပညာမိသားစုက မွေးဖွားလာပြီး သူငယ်ငယ် ကတည်းက သိုင်းပညာသင်ကြားခဲ့တယ်။ သူ့မျက်နှာသွင်ပြင်က နူးညံ့ချောမောနေပေမဲ့ သူ့ရဲ့ကြီးကျယ် ခမ်းနားတဲ့ စိတ်နေစိတ်ထားနဲ့ ဂုဏ်သိက္ခာကိုတော့ သံသယရှိစရာကို မလိုဘူး။ 

ဒါသာ သရုပ်ဆောင်တာဆိုရင် ဒီလူရဲ့ သရုပ်ဆောင် စွမ်းရည်က လုံးဝ ပြီးပြည့်စုံတယ်လို့ ပြောလို့ရတယ်။

ဒါပေမဲ့ ရဲ့ရွှီ သူ့ကို မယုံကြည်ရဲသေးဘူး။ သူ ခဏလောက် တုံ့ဆိုင်းနေပြီးမှ
" သခင်လေး ရှောင် ခင်ဗျား အရှင်မင်းကြီးကို အခုလိုပြောတာ မသင့်လျှော်မှာ စိုးမိတယ်"

" ဘာကို မသင့်လျှော် ရမှာလဲ? " ရှောင်ဟွမ်က အေးစက်စွာ နှာတစ်ချက် ရှုံ့ပြီး
"အဲ့ဒီအချိန်တုန်းက ငါ့အဖေရဲ့ အကူအညီသာ မရှိခဲ့ရင် သူက ထီးနန်းကို ဆက်ခံရမှာတဲ့လား? တစ်ဖက်မှာတော့ ကျင်းဝမ်က ...ဟင့် ကောင်းကောင်းလုပ်ခဲ့ပါတယ်။ သူထီးနန်းရပြီးသွားတော့ သူ့လက်အောက်ငယ်သားအဟောင်းတွေကို စပြီးရှင်းလင်းတော့တာပဲ။ အဲ့လိုမှမဟုတ်ရင် ရဲ့ရွှီကောကောက ဘယ်လိုလုပ်ပြီး အသတ်ခံရမှာတဲ့လဲ?"

ရဲ့ရွှီ မျက်လုံးတွေ မှေားကျဉ်းလိုက်တယ်။ သူ ရှောင်ဟွမ်ရဲ့ စကားနောက်ကွယ်က အဓိပ္ပာယ်ကို နားလည်တယ်။
" မင်းပြောတာက… ရဲ့အမတ်မင်းက မတရားခံရပြီး သေသွားတာလား?"

✅✔️☑အချိန်ကူးပြောင်းပြီးနောက် အမှတ်အသား ပေးခံလိုက်ရခြင်း { Myanmar Translation }Where stories live. Discover now