Chapter 52

6.9K 1K 12
                                    

Chapter 52

အရင်က ကျင်းဝမ် ရဲ့ရွှီကို သူ့ရဲ့ ရာထူး ပြန်ပေးချင်တယ်လို့ ပြောခဲ့ဖူးပေမဲ့ ဒီလောက်မြန်မြန်ကြီး တော်ဝင်အမိန့်ပြန်တမ်းရေးလိမ့်မယ်လို့ သူမထင်ထားခဲ့ဘူး။
    
ဒါ့အပြင်….

" လျှောက်ပြောနေတာတော့ မဟုတ်ဘူးမလား?"

ရဲ့ရွှီက တော်ဝင်အမိန့်ပြန်တမ်းကို လက်ညိုးထိုးကာ ရယ်ရခက် ငိုရခက် ဖြစ်နေတယ်။
" ငါ့ရဲ့ သစ္စာဖောက်မှုက မြို့တော်ထဲက သူလျှိုတွေကို ဖမ်းဖို့ လုပ်ကြံထားတာ???  ငါ့ရဲ့ အတုအယောင်သေဆုံးမှုက ရုံးတော်က သစ္စာ‌ေဖာက်တွေကို လုံခြုံရေး လျော့ထားစေဖို့ ကြံစည်ထားတာ ။ ဒါ့ကြောင့် မင်းက သူတို့အားလုံးကို တပြိုင်နက် ဖမ်းဆီးနိုင်ခဲ့တယ်လို့လား?"

ကျင်းဝမ်:"" ဘယ်လိုလုပ်ပြီး လျှောက်ပြောတယ်ဖြစ်ရမှာလဲ? ဒါက အမှန်တရားပဲ မဟုတ်ဘူးလား?အမဲလိုက်ကွင်းက လုပ်ကြံမှု ပြီးတဲ့နောက်မှာ မြို့တော်ထဲမှာ ပုန်းနေတဲ့ သူလျှိုတွေအကုန်လုံးကို ဖမ်းမိခဲ့တယ်လေ။ ပြီးတော့ နှစ်ပေါင်းများစွာ သူတို့အခြေတည်ထားတဲ့ အကြံစည်ကို ဖျက်ဆီးခဲ့တယ်လေ။ ရုံးတော်ထဲက သစ္စာဖောက်တွေကို မင်းဘယ်လို ဖမ်းခဲ့လဲဆိုတာတော့ အမတ်တွေ အကုန်လုံးလဲ မြင်ကြတာပဲ"

ရဲ့ရွှီဟာ ရုပ်တည်ကြီးနဲ့ မဟုတ်တာတွေ ပြောနေတဲ့ သူ့ကြောင့် ကြက်သေသေမိသွားတယ်။

ဒါ့အပြင် ပထမအကြောင်းပြချက်က သူအမှန်တကယ် လုပ်ကြံခဲ့တာ ဖြစ်ပါရဲ့နဲ့ သူပြောလိုက်တော့ ဒီလိုမျိုး ဖြစ်သွားတယ်တဲ့လား???

ရဲ့ရွှီ:" ဒါပေမဲ့ မူရင်းပိုင်ရှင်ရဲ့ သစ္စာဖောက်မှုက တကယ်…."

" ဒါပေမဲ့ အဲ့တာကို မင်းလုပ်ခဲ့တာ မဟုတ်ဘူးလေ" ကျင်းဝမ်က သူ့ကို တည်ငြိမ်စွာ ကြည့်လာတယ်။

အဲ့‌ဒီနေ့ပြီးတော့ ရဲ့ရွှီဟာ ခွေးဝါလေးကို ရန်ရှင်းအဆောင်ဆီ ယူလာပြီး အရာအားလုံးကို ရှင်းပြခဲ့တယ်။

အမှန်တရားကို သိသွားပြီးနောက် ကျင်းဝမ်ဟာ အရမ်းကြီး မအံ့ဩသွားခဲ့ဘူး။

ဘယ်လိုပဲဆိုဆို ဒီလူဟာ သူ့ကိုယ်သူ စာအုပ်ထဲက ဇာတ်ကောင်တစ်ခုဆိုတာ အခက်ခဲ မရှိ လက်ခံနိုင်ခဲ့တယ်။သူ့ရဲ့ စိတ်ခံနိုင်ရည်ဟာ ရဲ့ရွှီ အံ့ဩရလောက်အောင် အရမ်းသန်မာ‌တယ်။

✅✔️☑အချိန်ကူးပြောင်းပြီးနောက် အမှတ်အသား ပေးခံလိုက်ရခြင်း { Myanmar Translation }Where stories live. Discover now