Chapter 40

8K 1K 51
                                    

Chapter 40

" ဘာအကြောင်းပြောနေကြတာလဲ?"

ကျင်းဝမ်ရဲ့ အသံက သူတို့ရှေ့က ထွက်လာခဲ့တယ်။ ရဲ့ရွှီ အပြောကို မစောင့်ဘဲ ယွီယန်က သူ့ကို အရိုအသေပေးကာ
" ကျွန်တော်မျိုးက တော်ဝင်ကြင်ရာတော်အတွက် လက်ဆောင်တစ်ခု  ဆက်သနေတာပါ"

ကျင်းဝမ်:" ဘာလက်ဆောင်လဲ? ဖွင့်ပြီး ကိုယ်တော့်ကို ကြည့်ခွင့်ပေး"

" မလုပ်နဲ့" ယွီယန်က သေတ္တာကို ဖိကာ ခေါင်းမော့ပြီး ကျင်းဝမ်ကို ပြုံးပြလာတယ်။
" ဒီနေရာမှာ လူအများကြီး ရှိနေပါတယ်။ အဆင်မပြေပါဘူး။ အရှင်မင်းကြီး နန်းဆောင်ထဲ ပြန်ရောက်မှ တော်ဝင်ကြင်ရာတော်နဲ့အတူ ဖွင့်ကြည့်ပါ"

ကျင်းဝမ် မျက်လုံးတွေ အနည်းငယ် လှုပ်ရှားသွားတယ်။ သူက ယွီယန်နဲ့ အကြည့်ချင်းအနည်းငယ် ဖလှယ်ပြီးနောက် တစ်ခုခုကို ခန့်မှန်းမိသွားတယ်။

ခဏကြာတော့ ကျင်းဝမ် ခေါင်းငြိမ့်ကာ
" ကိုယ်တော် နားလည်ပြီး ဒုတိယမင်းသားက အရမ်းအလိုက်သိတာပဲ"

ယွီယန်က အလျင်အမြန် သေတ္တာကို လွဲပေးလိုက်တယ်။ ကျင်းဝမ်က အစေခံတစ်ယောက်ကို အမိန့်ပေးကာ သေတ္တာကို အဝေးယူသွားဖို့ ပြောပြီးနောက် ရဲ့ရွှီကို ပွေ့လိုက်တယ်။

"!"

ရဲ့ရွှီကတော့ လေထဲမှာ တောင့်တောင့်ကြီးနဲ့ ကြောင်တောင်တောင် ဖြစ်နေခဲ့တယ်။
" ဘာလုပ်နေတာလဲ?"

" မင်းကို လှည်းထဲ သယ်သွားပေးမလို့လေ" ကျင်းဝမ်က သူ့ကို ကြည့်လျှက်
" မင်းရဲ့ ခြေထောက်တွေ အားမနည်းတော့ဘူးလား?"

ရဲ့ရွှီ: "..."

မြို့ဂိတ်ဝမှာ အရာရှိတွေလဲ ရှိသလို ပြည်သူပြည်သားတွေလဲ အများကြီး ရှိနေတယ်။ အခု ကျင်းဝမ် သူ့ကို ပွေ့လိုက်တာကို လူတိုင်းမြင်သွားကြမှာပဲ

ရဲ့ရွှီ နားတွေ မဆိုစလောက်ကလေး နီ
လာတယ်။
" လူတွေ အများကြီး ကြည့်နေတယ်လေ"

ကျင်းဝမ်က ရယ်ကာ
" ကိုယ်မင်းကို ဘယ်လောက်တောင် အလိုလိုက်ထားလဲ ဆိုတာ သူတို့သိသွားရင် ပိုမကောင်းဘူးလား?"

✅✔️☑အချိန်ကူးပြောင်းပြီးနောက် အမှတ်အသား ပေးခံလိုက်ရခြင်း { Myanmar Translation }Where stories live. Discover now