Chapter 27

8.8K 1.2K 27
                                    

Chapter 27

ရန်‌ရှင်းအဆောင်တစ်ခုလုံး လိုအင်ဆန္ဒအငွေ့အသက်တွေ ဖုံးလွှမ်းသွားပြီး နှစ်ယောက်သားလေထုအပူချိန်ဟာ ချက်ချင်းထိုးတက်သွားကာ လေထဲကို လျှပ်စစ်လွတ်လိုက်သလိုပဲ

ကျင်းဝမ်က သက်ပြင်းတစ်ချက်ချကာ ရဲ့ရွှီကို အဝေးတွန်းလိုက်တယ်။
" ဒီနေ့ညတော့ မရဘူး"

ရဲ့ရွှီ, “?”

ကျင်းဝမ်:" ကု လုပ်ရမဲ့ ကိစ္စတွေ ရှိသေးတယ်။ ကောင်းကောင်းနေ"

သူ့ရဲ့ တော်ဝင်ကြင်ရာတော်လေးကို ချော့မြူဖို့အတွက် ကျင်းဝမ်ဟာ တစ်နေ့လည်လုံး တော်ဝင်စားဖိုဆောင်မှာ အချိန်ကုန်ခဲ့တယ်။ သူဖြေရှင်းရမဲ့ ကိစ္စ‌တွေ တောင်လိုပုံနေပြီ

ရဲ့ရွှီက နှုတ်ခမ်းကိုက်လိုက်ပြီး
" အိုး"

သူ့ရဲ့ အစီအစဉ်က ဝမ်းနည်းစရာကောင်းစွာနဲ့ ကျရှုံးသွားတယ်။ နောက်တစ်ကြိမ်မှပဲ နောက်ထပ် အခွင့်အရေးတစ်ခု ထပ်ရှာတော့မယ်။

သူက ကျင်းဝမ်ရင်ခွင်ထဲက ရုန်းထွက်လိုက်ပေမဲ့ ကျင်းဝမ်က သူ့ကိုဖက်ကာ ရင်ဘတ်နား ဆွဲကပ်လိုက်တယ်။
" ဘယ်သွားမလို့လဲ?"

" မင်း…"

ကျင်းဝမ်က သူ့ပေါ်ခေါင်းကိုမှီကာ
" မင်း ကုကို ပြန်ပေးဆပ်ချင်တယ်လို့ ပြောတယ်မလား? ကုမင်းကို ခဏလောက် ဖက်ထားပါရစေဦး"

သူ့ရဲ့ အသံက အနည်းငယ် အက်ရှနေခဲ့တယ်။ ရုတ်တရက် လျှပ်စီးကြောင်းတစ်ခု ရဲ့ရွှီရဲ့ ကျော်ရိုးတစ်လျှောက် စီးဝင်သွားပြီး ငြင်းဆန်ဖို့ ခွန်အားတွေ ဆုံးရှုံးသွားရတယ်။

သူဝန်မခံချင်ပေမဲ့ ကျင်းဝမ် သူ့ကို အခုလို ဖက်ထားတာကို သူ လုံးဝ မမုန်းဘူး။ ဒီ ချင်ကျွင်းနဲ့ ခွင်ကျွင်းတွေက တကယ်ကို ရှုပ်တာပဲ

တိတ်တဆိတ်တွေးတောနေရင်းရဲ့ရွှီ ကျင်းဝမ် ရင်ခွင်ထဲ မှီနေခဲ့တယ်။

ကျင်းဝမ်က အစီရင်ခံစားတွေကို ဖွင့်ကာ ဆက်ပြီး ဖတ်နေခဲ့တယ်။

ရဲ့ရွှီကတော့ သူနဲ့အတူ ဖတ်နေရတာ ပျင်းရိလာတယ်။

" တရန်တိုင်းပြည်က သံတမန် မြို့တော်ကို လာရောက်မယ်တဲ့လား?"
ရဲ့ရွှီ ရုတ်တရက် စကားပြောလာတယ်။

✅✔️☑အချိန်ကူးပြောင်းပြီးနောက် အမှတ်အသား ပေးခံလိုက်ရခြင်း { Myanmar Translation }Where stories live. Discover now