Chapter 55

6.9K 993 63
                                    

Chapter 55

ကျင်းဝမ် ပါးစပ်ကနေ ထွက်လာတာ တူညီတဲ့ စကားဖြစ်ပေမဲ့ လုံးဝ ကွဲပြားနေတယ်။

ကျင်းဝမ်ရဲ့ အသံက ရဲ့ရွှီရဲ့ နှလုံးသားကို တူလေးနဲ့ ထုနေသလိုအရမ်းနူးညံ့တယ်။ မနာကျင်ပေမဲ့ နူးညံ့ပြီး ယားကျိကျိဖြစ်သွားစေတယ်။ အရမ်းကို ထူးဆန်းတဲ့ ခံစားချက်ပဲ

ချောမောလှပတဲ့ မျက်ဝန်း တစ်စုံဟာ သူ့ကိုပဲ စိုက်ကြည့်နေတယ်။ အဲ့ဒီမျက်ဝန်းတွေထဲ နူးညံ့မှုတွေနဲ့ ပြည့်နေပေမဲ့ မျှော်လင့်ချက်တချို့ပါ ပါနေသေးတယ်။

ဒါတမင်သတ်သတ်လုပ်တာပဲ

ရဲ့ရွှီရဲ့ နှလုံးသားဟာ ကျယ်လောင်စွာ ခုန်ပေါက်နေတယ်။ အဲ့တာက တိမ်တွေပေါ် ခြေလှမ်းနေရသလို နူးညံ့ပြီး သူ့ခေါင်းက လေးပင်နေတယ်။

သူဟာ ခွေးဘုရင်က သူ့ကို အခုလို ပြောလာရင် ဘယ်တုန်းကမှ ခံနိုင်ရည် မရှိခဲ့ဘူး။

…. အဲ့တာက အရမ်းကိုလူကို ထိပါးနေသလိုပဲ

" ရဲ့ရွှီကောကော ဘာလို့ အဖြေပြန်မပေးတာလဲ?" ကျင်းဝမ်က သူ့ကို ဘယ်လို ချုပ်ကိုင်ရမယ်ဆိုတာ ကောင်းကောင်းသိတာပဲ။ သူ့အသံက နူးညံ့ညင်သာနေပြီး
" မြန်မြန် ကျွန်တော့်ကို ပြောပြ"

ရဲ့ရွှီက ခက်ခက်ခဲခဲနဲ့ အကြည့်လွဲလိုက်ပြီး
" မင်း…. ငါ့ကို အဲ့လို မခေါ်နဲ့"

" အဲ့လိုမခေါ်နဲ့?? ဒါဆို ကျွန်တော်က ဘယ်လို ခေါ်ရမှာလဲ?"

ရဲ့ရွှီ ဆက်ပြီး သည်းမခံနိုင်တော့ဘူး။ သူက ခေါင်းမော့ကာ အဲ့ဒီဆူညံနေတဲ့ နှုတ်ခမ်းတစ်စုံကို သူ့နှုတ်ခမ်းနဲ့ ပိတ်ပစ်လိုက်တယ်။

ဟူး...နားအေးသွားရော

ပေါ့ပါးတဲ့ အထိအတွေ့မှ နက်ရှိုင်းစွာ ထိုးဖောက်တဲ့အထိ နှစ်ယောက်သား နမ်းရှိုက်ခဲ့ကြပြီး နောက်ဆုံး အသက်မရှူနိုင်လောက်တော့တဲ့ အထိပဲ

နမ်းပြီးသွားတော့ ကျင်းဝမ်က ရဲ့ရွှီကို အိပ်ရာပေါ်မှာ ဖိကာ သူ့မျက်လုံးတွေက အနည်းငယ် နက်မှောင်နေတယ်။

ရဲ့ရွှီ မျက်နှာပေါ်က အပူတွေဟာ ပျောက်ကွယ်သွားချိန်တောင် မရလိုက်ဘူး။ သူက အကြည့်လွဲကာ တစ်ဖက်လူရဲ့ အန္တရာယ်ရှိတဲ့ အကြည့်တွေနဲ့ မရင်ဆိုင်ရဲဘူး။
" ငါ… မင်း .. မင်းရှင်းရှင်းလင်းလင်း သိရဲ့သားနဲ့…."

✅✔️☑အချိန်ကူးပြောင်းပြီးနောက် အမှတ်အသား ပေးခံလိုက်ရခြင်း { Myanmar Translation }Where stories live. Discover now