Chapter 8

12.4K 1.7K 52
                                    

Chapter 8

ရဲ့ရွှီ အိမ်မက်တစ်ခု မက်ခဲ့တယ်။

သူ့အိမ်မက်ထဲက ကောင်းကင်ပြင်ကြီးက မည်းမှောင်နေပြီး မိုးတွေ ဆက်တိုက် ရွာချနေခဲ့တယ်။ သူက သူ့ရဲ့ ရင်ခွင်ထဲမှာ သူ့ထက်ပိုသေးပြီး ပိုပိန်တဲ့ ကောင်‌ငယ်လေး တစ်ယောက်ကို ပွေ့ဖက်ထားတယ်။

အမိုးပေါ်ကတစ်ဆင့်ကျလာတဲ့ မိုးရေတွေက မြေပေါ်မှာ ဗွက်အိုင်တွေ ဖြစ်လာစေတယ်။ ပြတင်းပေါက်အပြင်ဘက်မှာ မိုးချိန်းသံတွေနဲ့ လျှပ်စီးလက်သံတွေက ဆူညံစွာ မြည်ဟီးနေပြီး သူ့ရင်ခွင်ထဲက ကောင်လေးဟာ တုန်ရီနေတယ်။

" အရမ်း ကြောက်တတ်တာပဲ အာ"

အပြုံးတစ်ခုနဲ့ ရဲ့ရွှီက ကောင်လေးရဲ့ အေးစက်နေတဲ့ လက်ချောင်းတွေနဲ့ ပါးပြင်တွေကို နူးညံ့စွာ ပွတ်တိုက်ပေးလာတယ်။
" နောင်အနာဂတ်မှာ အားယွမ်က ရှင်ဘုရင် တစ်ပါးဖြစ်လာမှာလေ ။ ဒီကမ္ဘာပေါ်မှာ မိုးချိန်းသံတွေကို ‌ေကြာက်ရွံ့တဲ့ ဘုရင်တစ်ပါးမှ မရှိဘူးနော်"

ကောင်လေးက သူ့ကို တောက်တဲ့ မျက်ဝန်းတစ်စုံနဲ့ ကြည့်လာတယ်။
"... ရှင်ဘုရင်တွေမှာရော သူတို့ကြောက်တဲ့အရာတွေ မရှိဘူးလား?"

" သူ ကြောက်ရွံ့လို့ မဖြစ်ဘူး" ရဲ့ရွှီ ဆက်ပြောခဲ့တယ်။
" ဘုရင်တစ်ပါးအနေနဲ့ မင်းရဲ့ တိုင်းပြည် အင်အားတောင့်တင်းပြီး လူတိုင်း မင်းလက်အောက်မှာ သစ္စာခံစေချင်ရင် မင်းကိုယ်တိုင် သန်မာနေမှ ရမယ် မင်းရဲ့ အကြောက်တရားတွေက သေစေနိုင်တဲ့ အားနည်းချက်အဖြစ်ကို ပြောင်းလဲ သွားနိုင်တယ်။"

ကောင်လေးက ရဲ့ရွှီကို ငေးကြည့်နေခဲ့တယ်။ ရုတ်တရက် မိုးကြိုးတစ်ချက် ပစ်ချလာပြီးတော့ ကောင်းလေးက ကွေးကျုံ့မိသွားတယ်။

" ဒါဆို .. ကျွန်တော် ဒီ တစ်ကြိမ်ပဲ ကြောက်တော့မယ်" ကောင်လေးက ရဲ့ရွှီရဲ့ အင်္ကျီစကို ဆုပ်ကိုင်လိုက်ပြီး ခိုင်မာ ပြတ်သားသော အသံနဲ့ ဆက်ပြောလာတယ်။
" တစ်ကြိမ်နဲ့ နောက်ဆုံးအကြိမ်ပဲ"

ရဲ့ရွှီက ပြုံးပြီးတော့ ကောင်လေးကို တင်းကြပ်စွာ ဖက်ထားလိုက်တယ်။

✅✔️☑အချိန်ကူးပြောင်းပြီးနောက် အမှတ်အသား ပေးခံလိုက်ရခြင်း { Myanmar Translation }Where stories live. Discover now