Chapter 39

7.1K 1K 24
                                    

Chapter 39

ကျင်းဝမ်က နေမကောင်းဘူးဟုဆင်ခြေပေးကာ သုံးရက် ခွင့်ယူခဲ့တယ်။

သုံးရက် သုံးညလုံး ရဲ့ရွှီခမျာ ကောင်းကောင်းအိပ်ဖို့မပြောနဲ့ ကောင်းကောင်းတောင် မစားခဲ့ရဘူး။

အိပ်ရာပေါ် စားပွဲပေါ် နဂါးပလ္လင်ပေါ် ရေချိုးကန်….. ရဲ့ရွှီ တွေးမိတဲ့ နေရာတွေရော မတွေးမိတဲ့ နေရာတွေရော… သူ မမှတ်မိချင်တဲ့ အမှတ်တရတွေနဲ့ ပြည့်နှက်သွားတယ်။

ဒီလို လူမဆန်တဲ့ အရာ ဘယ်လိုလုပ်ပြီး ရှိနိုင်ရတာလဲ သူ့မှာလွတ်လမ်းလေးတောင် မရှိခဲ့ဘူး။

နောက်ဆုံးတစ်ကြိမ် ပြီးသွားတော့ ရဲ့ရွှီရဲ့ ဖြူဖွေးသွယ်လျတဲ့ လက်ချောင်းတွေဟာ စိုစွတ်နေတဲ့ရေချိုးကန်ရဲ့ ဘောင်ကို ခိုင်မြဲစွာ ကိုင်ထားတယ်။ သူအရမ်း ပင်ပန်းနေပြီ။

ကျင်းဝမ်က သူ့ရဲ့ စိုစွတ်နေတဲ့ ဆံပင်တွေကို ဘေးဖယ်ကာ ရှေ့တိုးပြီး သူ့ပါးလေးကို နမ်းလာခဲ့တယ်။ ရင်းနှီးတဲ့ အနမ်းတွေဟာ သူ့မျက်နှာအနှံ့ကျရောက်လာပြီး မျက်နှာကတစ်ဆင့် သွယ်လျတဲ့ လည်ပင်းတစ်လျှောက် ဆင်းသွားတယ်။

" မလုပ်…." ရဲ့ရွှီအသံက အက်ကွဲပြီး တိုးလျနေတယ်။ သူ့မှာ ကျင်းဝမ်ကို အဝေးတွန်းထုတ်ဖို့ အင်အားလေးတောင် မကျန်တော့ဘူး။ သူ နောက်တွန့်လိုက်ပြီး
" မလုပ်နဲ့တော့ .. ငါ မခံနိုင်တော့ဘူး…."

ကျင်းဝမ်က သူ့ကို အနားဆွဲကာ သူ့လက်တွေက တစ်ဖက်လူရဲ့ ခါးမှာ ရစ်ပတ်လိုက်တယ်။
" ကိုယ့်ကို အခု အခြေအနေထိ ဆွဲခေါ်လာခဲ့တာ မင်းပဲ မဟုတ်ဘူးလား? ဘာလို့ အခု မလုပ်နိုင်တော့တာလဲ?"

" မပြော … မပြောနဲ့တော့…"

ရဲ့ရွှီ သူ့ကိုယ်သူ ဘယ်လိုပုံ ဖြစ်နေပြီလဲဆိုတာတောင် မကြည့်ချင်တော့ဘူး။

မွေးရာပါ ခန္ဓာကိုယ်ရဲ့ အလိုဆန္ဒက လူသားတွေ ထိန်းချုပ်ထားနိုင်တဲ့ အရာမဟုတ်ဘူး။ စိတ်ခံစားချက်တွေ အားလုံး ပေါင်းစည်းသွားတဲ့ အခါ သိက္ခာတွေ အရှက်တွေဆိုတာဟာ အနောက်ရောက်သွားပြီး သူ့စိတ်ထဲမှာ လိုချင်တပ်မက်မှုတွေနဲ့ အန္တရာယ်များတဲ့ စိတ်ဆန္ဒတွေသာ ကျန်နေခဲ့တယ်။

✅✔️☑အချိန်ကူးပြောင်းပြီးနောက် အမှတ်အသား ပေးခံလိုက်ရခြင်း { Myanmar Translation }Where stories live. Discover now