Chapter 25

8.5K 1.3K 43
                                    

Chapter 25

တော်ဝင်သမားတော်ဖုန်းက ရဲ့ရွှီရဲ့ သရုပ်ဆောင်စွမ်းရည်ကို တစ်ခါမှ မမြင်ဖူးသေးဘူး။ သံသယမရှိဘဲ ရဲ့ရွှီရဲ့ သွေးခုန်နှုန်းစမ်းဖို့ လက်လှမ်းလိုက်တယ်။

ရဲ့ရွှီရဲ့ လက်ကောက်ဝတ်ကို စမ်းလိုက်တော့ ခဏတာ တိတ်ဆိတ်သွားပြီး သူ့ရဲ့ မျက်လုံးတွေက ရုတ်တရက် တောက်ပလာခဲ့တယ်။

ကိုယ်လုပ်တော်အန်းရဲ့ သွေးခုန်နှန်းက … ပျော်စရာ‌ သွေးခုန်နှုန်းဆိုတာ ရှင်းရှင်းကြီးပဲ

တကယ်ပါပဲ အရှင်မင်းကြီး ပီသပါပေတယ်။ အမတ်မင်းရဲ့ကို ကိုယ်ဝန်ဆောင်ခိုင်းထားတာမှ မကြာသေးဘူး။ အခု ကိုယ်လုပ်တော်အန်းလဲ ကိုယ်ဝန်ရှိလာပြီ။ ချန်းလုတိုင်းပြည်ကတော့ ကောင်းကင်ဘုံ ကောင်းချီးပေးတာပဲ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

သမားတော်ဖုန်းဟာ သတင်းကောင်းကို အိပ်ရာပေါ်က သခင်လေးထံ လျှောက်တင်တော့မဲ့ အချိန်မှာ ရုတ်တရက် သူ့ရဲ့ အမူအရာတွေက အေးခဲသွားတယ်။

ခဏလေး … ဒီသွေးခုန်နှုန်းက…

ခန်းစီးစက နိမ့်နိမ့်ကျနေတယ်။ အပြင်ဘက်က ကြည့်ရင် အိပ်ရာပေါ်မှာ လှဲနေတဲ့ လူတစ်ယောက်ကိုပဲ မြင်ရတယ်။ သမားတော်ဖုန်းရဲ့ နှုတ်ခမ်းတွေ တွန့်လိမ့်သွားပြီး သူ့ရဲ့ အသားအရောင်တွေ ပြောင်းလဲနေတယ်။

ကိုယ်လုပ်တော်အန်းမှာ ပျော်စရာ သွေးခုန်နှုန်းရှိတာ မှန်ပေမဲ့ သူ့ရဲ့ ကိုယ်ဝန်က …. ပြောရရင် နှစ်လတောင် ရှိနေပြီ

လွန်ခဲ့တဲ့ နှစ်လတုန်းက ကိုယ်လုပ်တော် အန်းက နန်းတော်ထဲ မဝင်ရသေးဘူး။

တော်ဝင်မိသားစုထဲကအတွင်းလူတွေသာ သိကြတဲ့ လျှို့ဝှက်ချက်တစ်ခုကို ‌‌ေတွ့သွားရတော့ သမားတော်ဖုန်းဟာ ထိတ်လန့်သွားတယ်။သူ့ရဲ့ အသားအရောင်က လုံးဝ ဖျော့သွားတယ်။

အိပ်ရာပေါ်မှာ မှီကာ ခန်းစီး အပေါက်သေးသေးလေးကတစ်ဆင့် သမားတော်ဖုန်းကို အကဲခတ်နေတဲ့ ရဲ့ရွှီဟာ တစ်ခုခုကို သံသယဖြစ်လာတယ်။

ဒီလူအိုကြီး ဘာတွေ ဖြစ်နေတာလဲ? သူဘာတွေများ တွေးနေတာလဲ?

အမြဲတည်ငြိမ်တဲ့လူက ဒီလို မဖြစ်သင့်ဘူးလေ

✅✔️☑အချိန်ကူးပြောင်းပြီးနောက် အမှတ်အသား ပေးခံလိုက်ရခြင်း { Myanmar Translation }Where stories live. Discover now