Chapter 58

7.3K 1K 22
                                    

Chapter 58

မင်းသားလေး တစ်လပြည့်တော့ ရဲ့ရွှီခန္ဓာကိုယ်လဲ လုံးဝကောင်းသွားပြီ။ အရင်ကထက်တောင် နည်းနည်းလောက် ပိုဝလာသေးတယ်။

ကျင်းဝမ်က မြို့တော်မှာ မရှိပေမဲ့ သူ့သားတော်ကို ပြသဖို့ အခွင့်အရေးကို အလွတ်မခံဘူး။ မင်းသားလေး တစ်လပြည့်မွေးနေ့ပွဲမှာ အရှင်မင်းကြီးဟာ မြို့တော်မှာ ပွဲတော်ကိုသုံးရက်တိုင်တိုင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာခဲ့တယ်။ တိုင်းသူပြည်သားတွေရဲ့ အခွန်ခတွေကိုလဲ လျှော့ချပြီး သာမန်အကျဉ်းသား အချို့ကိုလဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တယ်။

မိသားစု သုံးယောက်ကတော့ ယာယီစံအိမ်မှာ တိတ်တဆိတ် တစ်လလုံး ပွဲတော်ကျင်းပနေခဲ့တယ်။

".... ဒီတစ်ခုက မဆိုးဘူးလို့ ထင်တယ်။ ခဏလေး ဒီဟာရော" ရဲ့ရွှီ မျက်ခုံးတွေဟာ ကြုံ့နေခဲ့တယ်။ သူ့အကြည့်တွေက သူ့ရှေ့က စာရွက်ပေါ်မှာပဲ ရှိနေခဲ့တယ်။ သူ့ရဲ့ အမူအရာက အရေးကြီးတဲ့ အရာတစ်ခုခုကို ဆွေးနွေးနေသလိုမျိုး လေးနက်နေခဲ့တယ်။

ကျင်းဝမ်ရဲ့ အမူအရာကလဲ အရမ်းလေးနက်နေတယ်။ သူက လက်မြောက်ကာ စာရွက်တစ်ရွက်ကို ညွှန်ပြလိုက်ပြီး
" ဒီတစ်ခုရော ဘယ်လိုလဲ?"

ရဲ့ရွှီက ခေါင်းခါကာ
" ဟင့်အင်း ခဏလောက် တွေးကြည့်ဦးမယ်"

ကလေးပွေ့ကာ ဘေးနားမှာ တစ်နာရီကြာ တိတ်ဆိတ်စွာ မတ်တပ်ရပ်စောင့်နေတဲ့ ကောင်းကျင့်"....."

မင်းသားလေးကို အမည်နာမ ပေးတဲ့ အရေးကိစ္စက အရမ်းအရေးကြီးပေမဲ့ နာမည်စဉ်စားဖို့ အဲ့လောက်အချိန်လိုလို့လား သူနားမလည်ဘူး။

ကောင်းကျင့်က သူ့ကိုယ်သူ ထိန်းပြီး သတိပေးလိုက်တယ်။
" အရှင်မင်းကြီး ညနေစာ အဆင်သင့်ဖြစ်ပါပြီ....."

နှစ်ယောက်သား တစ်ပြိုက်နက်တည်း ခေါင်းလှည့်လာကြပြီး
" လာမရှုပ်နဲ့"

ကောင်းကျင့်, "..."

ကောင်ကျင့်က ‌ခေါင်းငုံ့ကာ သူ့လက်ထဲက မင်းသားလေးကို ကြည့်လိုက်တယ်။ ကောင်လေးက သူ့ရဲ့ တောက်ပနေတဲ့ မျက်လုံးတွေကို မှေးကျဉ်းလိုက်ပြီး ပျင်းရိစွာ သမ်းဝေလိုက်တယ်။

✅✔️☑အချိန်ကူးပြောင်းပြီးနောက် အမှတ်အသား ပေးခံလိုက်ရခြင်း { Myanmar Translation }Where stories live. Discover now