Chapter 12

11.1K 1.6K 29
                                    

Chapter 12

ကျင်းဝမ် သူ့ကို ယုံကြည်သွားလားဆိုတာ ရဲ့ရွှီလဲ မသိဘူး။ ဒါပေမဲ့ အဲ့ဒီနေ့ကစပြီး ကျင်းဝမ်က သူ့ကို နည်းလမ်းပေါင်းစုံနဲ့ စမ်းသပ်မှုတွေလဲ မလုပ်တော့သလို သူ့အနားမှာ နေရတာလဲ ကောင်းတဲ့ အလှည့်အပြောင်းတစ်ခုလို ဖြစ်သွားတယ်။

ဒါ သူ့ရဲ့ လှည့်စားမှုက အောင်မြင်တယ်ဆိုတဲ့ သဘောပဲ

….. ရေချိုးကန်ထဲက ရှက်စရာ အရာတွေက လွဲလို့ပေါ့

ရဲ့ရွှီ သူ့ကိုယ်သူ အောက်ပိုင်းကို မထိန်းချုပ်နိုင်တဲ့ ယောက်ျားတစ်ယောက်ဆိုတာ ဝန်ခံပါတယ်။ လူတိုင်းက အလှလေးတွေကို ကြိုက်ကြတာပဲလေ

ဘယ်လိုပဲ ပြောပြော ကျင်းဝမ်က ရှာမှ ရှားတဲ့ အလှတစ်ပါးပဲ။ ရေကန်ဘေးမှာ အလှလေးတစ်ယောက်က ဖိထားခံရတာ၊ အရိုင်းဆန်စွာ နမ်းခြင်းခံရတာ၊ မထင်ထားတဲ့ အကျိုးဆက်တွေ ဖြစ်လာတာ ဒါတွေအားလုံးက ပုံမှန်တွေ ဟုတ်မနေဘူးလေ။

ဟုတ်တယ်။ ဒါက ဘယ်လိုတွေ ဖြစ်ပျက်ခဲ့တယ် ဆိုတာပဲ

ရဲ့ရွှီက ကိုယ့်ကိုယ်ကို စိတ်ဖြေလိုက်ပြီး အရှင်မင်းမြတ်ရဲ့ လက်မထပ်ရသေးတဲ့ အလှလေးအဖြစ် တည်တည်ငြိမ်ငြိမ်နဲ့ ဆက်နေခဲ့တယ်။

ဒါ့ပေါ့ သူထွက်ပြေးဖို့ အစီအစဉ်ကိုလဲ ဘယ်လက်လျော့ပါ့မလဲ

အခုက အနောက်ဘက်ရှားပြည်နယ်က သူလျှိုတွေ ဖမ်းမိပြီး သတ်ပစ်ခါစပဲ ရှိသေးတာလေ။ ဒီ လမ်းကြောင်းလွတ်မြောက်ဖို့ မဖြစ်နိုင်တော့ဘူး

သူ နောက်ထပ် အစီအစဉ် တစ်ခု ထပ်တွေးရမယ်။

" မင်း ဘာတွေ တွေးနေပြန်တာလဲ?"

သူ့ရှေ့ကနေ မြင်းခွာ ရပ်သံ ထွက်ပေါ်လာတယ်။ ရဲ့ရွှီက မြင်းပေါ်ထိုင်ကာလက်ထဲ လေးမြားကိုင်ထားတဲ့ ကျင်းဝမ်ကို ခေါင်းမော့ကြည့်လိုက်တယ်။ သူ့ရဲ့ ချောမောတဲ့ အသွင်အပြင်မှာ မကျေနပ်တဲ့ ပုံပေါ်နေတယ်။
" ကုက မင်းကို အမဲလိုက်ပြီး ကိုယ်ခန္ဓာလေ့ကျင့်ခန်းလုပ်ဖို့ ခေါ်လာတာလေ။ ဒါပေမဲ့ မင်းကို ကြည့်ဦး အဲ့ဒီမှာပဲ ပျင်းနေတယ်လား?"

“……”

ဘုရားရေ.. အမဲလိုက်တာတဲ့လား…. သူ လေးကြိုးကိုတောင် ဆွဲမှ မဆွဲနိုင်တာ

✅✔️☑အချိန်ကူးပြောင်းပြီးနောက် အမှတ်အသား ပေးခံလိုက်ရခြင်း { Myanmar Translation }Where stories live. Discover now