Chapter 13

9.8K 1.5K 12
                                    

Chapter 13

ရဲ့ရွှီ ဘာမှ ပြန်မဖြေခဲ့ဘူး။ ဒါပေမဲ့ ချန်းယွမ်က ပြောလာတယ်။
" မဟုတ်ဘူး! ကျွန်တော်မျိုးက သခင်လေးနဲ့ ဘာဆက်ဆံရေးမှ မရှိပါဘူး။ ဒီနေ့ ကျွန်တော်မျိုး လုပ်ခဲ့တဲ့ အရာတွေက ကျွန်တော့်မျိုးရဲ့ စိတ်ဆန္ဒအရ လုပ်ခဲ့တာတွေပါ ။ သခင်လေးနဲ့ ဘာမှ မပက်သက်ပါဘူး"

သူ့စကားကို ကြားတော့ ကျင်းဝမ်က ခေါင်းမော့ပြီး မေးလာတယ်။
" သူက မင်းနဲ့ ဘာမှ မပက်သက်ဘူးလို့ ပြောခဲ့တယ်။ အဲ့လိုလား?"

ရဲ့ရွှီက အကြည့်လွဲလိုက်ပြီး ဘာမှ ပြန်မဖြေခဲ့ဘူး။

" အရမ်းကောင်းတယ်…" ကျင်းဝမ်က ပေါ့ပြက်စွာ ပြောလာခဲ့တယ်။
" ရှင်ဘုရင်အပေါ် လုပ်ကြံတဲ့အမှုကို မြို့တော်ဥပ‌ဒေအရ အပြစ်ပေးရမယ်။ သူ့ကို အဝေးဆွဲခေါ်ပြီး သတ်ပစ်လိုက်"

ရဲ့ရွှီက မြန်မြန်တားလိုက်တယ်။
" မလုပ်နဲ့"

ဒီ ကိုယ်ရံတော်လေးက စာအုပ်ထဲမှာ တစ်ခါပါဖူးတယ်။

သူ အမှန်တကယ်ကို မူရင်းပိုင်ရှင် ယုံကြည်ရတဲ့ လက်အောက်ငယ်သား တစ်ယောက်ပဲ။ မူရင်းပိုင်ရှင် အဖမ်းခံရတဲ့ အချိန်မှာ သူလွတ်မြောက်သွားတာ ကံကောင်းတာပဲ။ မူရင်းပိုင်ရှင် ထောင်ပေါင်းများစွာ ဓါးချက်တွေကြောင့် ကွပ်မျက်ခံရတာကိုဘာမှ မတတ်နိုင်ဘဲ အကူအညီမဲ့စွာ ကြည့်ရှုခဲ့ရပြီးနောက် သူက ပုန်းလျှိုပြီးတော့ ကျင်းဝမ်ကို လုပ်ကြံဖို့ အခွင့်အရေးကို စောင့်နေခဲ့တယ်။

ဒါပေမဲ့ ကံဆိုးစွာနဲ့ လုပ်ကြံမှုက ကျရှုံးသွားခဲ့ရပြီး သူလဲပဲ မူရင်းပိုင်ရှင်လိုပဲ အပြစ်ပေးခံခဲ့ရတယ်။

သူက စာအုပ်ထဲက ဇာတ်ကောင်လေး တစ်ခုဖြစ်ပေမဲ့ ရဲ့ရွှီကတော့ သူ့အရှေ့မှာ သူ့အတွက် သေမှာကို ဒီအတိုင်းမကြည့်နေနိုင်ဘူး။

" ကိုယ်တော့်ရဲ့ အိုက်ချင်းက … လုပ်ကြံသူအတွက်နဲ့ ကြားဝင်တောင်းပန်ပေးမလို့လား?"

သူ့ရဲ့အသံက မကျေနပ်မှုတွေနဲ့ ပြည့်နေပြီး ဩဇာအာဏာနဲ့ ပြည့်ညောင်းနေတယ်။

ရဲ့ရွှီက နှုတ်ခမ်းကို ကိုက်‌ေနပြီး မှ စကားပြော တော့မဲ့အချိန်မှာ ရုတ်တရက် အသံတစ်ချက် ထွက်လိုက်မိတယ်။
" အ___!"

✅✔️☑အချိန်ကူးပြောင်းပြီးနောက် အမှတ်အသား ပေးခံလိုက်ရခြင်း { Myanmar Translation }Where stories live. Discover now