Chapter 23

9.7K 1.4K 30
                                    

Chapter 23

ချန်အန်းလမ်းမှာ လူတွေ စည်ကားနေတယ်။ ကျင်းဝမ်က သူ့လူတွေကို လမ်းကျဉ်းတစ်နေရာမှာ လှည်းထိုးထားဖို့ အမိန့်ပေးလိုက်ပြီး သူတို့တွေ မပါဘဲ ရဲ့ရွှီနဲ့ ထွက်လာခဲ့တယ်။

နောက်ဆုံးတော့ ရဲ့ရွှီဟာ လူအရေခွံ မျက်နှာဖံုးတပ်ဖို့ပဲ ရွေးချယ်ခဲ့တယ်။ အကြောင်းပြချက်ကတော့ — အရှင်မင်းကြီးက အလှလေးကို ခေါ်ယူခဲ့တယ်လေ။ သူ ဒီ မှုး‌မတ်တွေကို စိတ်အေးအေးမနေစေချင်ဘူး။ သူ သေချာပေါက် အလိုက်သင့်လေး စီးမျောလိုက်ရမယ်လေ

ဒါပေမဲ့ ကျင်းဝမ်ကတော့ သူတမင်တကာ ပြဿနာရှာတာသိနေခဲ့တယ်။ ဒီလူက နန်းတော်ပြင်ထွက်ပြီး သူ့ကို ပြဿနာရှာဖို့ အချိန်အကြာကြီး စောင့်နေခဲ့တာလေ

'တကယ်ကို သေချင်စရာကောင်းတာပဲ'
ကျင်းဝမ် တွေးလိုက်မိတယ်။

" ငါတို့ ဟိုကို သွားပြီး တစ်ချက်လောက် သွားကြည့်ရအောင်"
ရဲ့ရွှီဟာ သူ့ကို ကြည့်ဖို့ ခေါင်းလှည့်လာခဲ့တယ်။ သူ့ရဲ့ မျက်လုံးတွေမှာ အပြုံးတွေ ဝေဆာနေခဲ့တယ်။

ရဲ့ရွှီရဲ့ မျက်နှာဖုံးကလဲ တော်တော်တော့ လှပါတယ်။ ဒါပေမဲ့ ပိုပြီး နူးညံ့တဲ့ သူ့ရဲ့ ရုပ်အစစ်ကို ကျင်းဝမ်က ပိုပြီး ကြိုက်တယ်။ တိုင်ပြည်ကျရုံးသွားလောက်တဲ့ အမြင်ရှိတဲ့ ကျင်းဝမ်အတွက်ကတော့ ဒီလို အလှလေးကို မျက်စိထဲတောင် မထည့်ဘူး။

ဒါပေမဲ့ ဒီမျက်နှာအောက်က ဘယ်သူဆိုတာ သိနေတော့ သူ့မျက်စိထဲ ဝင်လာတာနဲ့ကို သူက ကျေနပ်နေတာ

ကျင်းဝမ် ခေါင်းရမ်းလိုက်ပြီး အကြည့်လွဲလိုက်ရတယ်။ ရဲ့ရွှီက သူဖြေတာ မစောင့်ဘဲ သူ့ကို လမ်းမ‌တစ်လျှောက် ဆွဲခေါ်သွားတယ်။

နေ့အချိန်မှာဆို ညအချိန်လောက် မစည်ကားပေမဲ့ ဆိုတော့ မဆိုးလှပါဘူး။ပျံကျဈေးသည်တွေက လမ်းဘေးတစ်ဖက်တစ်ချက်ဆီမှာ ရှိနေပြီး ဖြတ်သွားဖြတ်လာတွေလဲ ရှိတယ်။ ပြိုင်ပွဲလုပ်နေကြတဲ့ လူတွေလဲ ရှိတယ် ဘယ်လောက်တောင် မင်္ဂလာရှိလိုက်တဲ့ မြင်ကွင်းလဲ

ဘုရင်တစ်ပါးအနေနဲ့ သူ့ရဲ့ တိုင်းပြည်မှာ ဒီလိုမြင်ကွင်းမျိုးမြင်ရတာ အရမ်း‌စိတ်ကျေနပ်စရာပဲ။ ဒါပေမဲ့ သူ့ဘေးက နတ်ဆိုးလေးရှိနေတော့ ဒီမြင်ကွင်းတွေကို ခံစားနေဖို့ အချိန်မရှိဘူး။

✅✔️☑အချိန်ကူးပြောင်းပြီးနောက် အမှတ်အသား ပေးခံလိုက်ရခြင်း { Myanmar Translation }Where stories live. Discover now