Chapter 42

7K 1K 37
                                    

CHAPTER 42

ထိုလူဟာ လူငယ်တစ်ယောက်ရဲ့ နုပျိုမှုတွေ ရှိနေပြီး ကျင်းဝမ်ထက် အများကြီး ငယ်ပုံပေါ်တယ်။ သူ့ရဲ့ မျက်လုံးထောင့်နားမှာ မှည့်နီလေးတစ်ခုရှိပေမဲ့ အဲ့တာက သူ့ကို လုံးဝ အရုပ်မဆိုးသွားစေဘူး။

ရဲ့ရွှီ ခွင်ကျွင်းနဲ့ ပက်သက်တဲ့ စာအုပ်တွေ အများကြီး ဖတ်ပြီး ပြီ။ အဲ့ဒီမှည့်နီလေးကို မြင်လိုက်တာနဲ့ သူက ခွင်ကျွင်းဆိုတာ သူ ချက်ချင်း သိတယ်။

အခု သူနေတဲ့ ကမ္ဘာက စာအုပ်ထဲကကမ္ဘာနဲ့ အရမ်း ကွာနေတယ်ဆိုတာ သူ သဘောပေါက်သင့်တယ်။

ကျင်းဝမ်ကိုဆက်သတဲ့ အလှလေးကလဲ ခွင်ကျွင်းဖြစ်လာသလိုပေါ့။ အခု ကျင်းဝမ်နဲ့ မိတ်ဆက်ပေးတဲ့ လူယုံတော်ကလဲ ခွင်ကျွင်းဖြစ်နေပြန်တယ်။

ရဲ့ရွှီ ရင်ထဲ ချဉ်စူးလာတယ်။

သူကတော့ တကယ့်လူပဲ

ကျင်းဝမ်တို့ဟာ တော်ဝင်စာကြည့်ဆောင်ထဲက ထွက်လာခဲ့ကြတယ်။ ကျင်းဝမ်စကားပြောနေရင်း ခေါင်းလှည့်ကြည့်လိုက်တော့ တိုက်တိုက်ဆိုင်ဆိုင် ရဲ့ရွှီရဲ့ အကြည့်နဲ့ သွားဆုံမိတယ်။

ကျင်းဝမ်က ရဲ့ရွှီ သူ့ကို လာရှာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။သူ့မျက်လုံးထဲမှာ အံ့ဩမှုတွေ ဖြတ်ပြေးသွားပြီး ရဲ့ရွှီကို ပြုံးပြလိုက်တယ်။

ရဲ့ရွှီက အမူအရာမဲ့စွာနဲ့ ကျင်းဝမ်အမြင်ကို ကွယ်ဖို့ရာ လှည်းခန်းဆီးစကို ချလိုက်တယ်။

ကျင်းဝမ်: "..."

ဒီတစ်ကြိမ်ရော ကိုယ်တော် ဘာအမှား လုပ်မိပြန်ပြီလဲ???

" ဘယ်ကိုများ ‌ကြည့်နေတာပါလဲ အရှင်မင်းကြီး?" 

စစ်သူကြီးက ကျင်းဝမ်စိတ်ပျံ့လွှင့်သွားတာ မြင်တော့ မေးလိုက်တယ်။

ကျင်းဝမ်က ခဏလောက် တစ်ကိုယ်တည်း ရေရွတ်လိုက်ပြီး တည်တည်ငြိမ်ငြိမ် ဆိုလာခဲ့တယ်။

" ခဏစောင့်"

သူပြောပြီးသွားတော့ စစ်သူကြီးကို တော်ဝင်စာကြည့်ဆောင် အပြင်ဘက်မှာ ချန်ကာ ဝေါယာဉ်ဆီ ခြေလှမ်းကျဲကျဲနဲ့ လျှောက်သွားခဲ့တယ်။

✅✔️☑အချိန်ကူးပြောင်းပြီးနောက် အမှတ်အသား ပေးခံလိုက်ရခြင်း { Myanmar Translation }Where stories live. Discover now