Chapter 57

6.7K 1K 93
                                    

Chapter 57

ကျင်းဝမ်က အရာအားလုံး စီစဉ်ထားပြီးသား

တော်ဝင်ကိုယ်ရံတော်တွေဟာ အလျင်အမြန်ပြေးလွှားပြီး တော်ဝင်သမားတော်ကို သွားခေါ်ကြတယ်။ ကျင်းဝမ်က ရဲ့ရွှီ လှဲဖို့ ကူညီပေးတယ်။

အနည်းငယ် နာကျင်မှုက အရမ်းပြင်းထန်တဲ့ နာကျင်မှု လှိုင်းလုံးကြီးအဖြစ်ပြောင်းလဲသွားတယ်။ ရဲ့ရွှီ စကားတောင် မပြောနိုင်တော့ဘဲ သူ့နဖူးပေါ်မှာလဲ ချွေးအေးတွေ ထွက်နေခဲ့တယ်။

တံခါးအပြင်ဘက်ကနေ ခြေသံတွေ ကြားနေရပြီး လူတိုင်း  အခန်းထဲကို ရေနွေးနဲ့ အသုံးအဆောင်တွေ သယ်ဝင်လာကြတယ်။

အသက်ငယ်ငယ် သမားတော်တစ်ယောက်က ရှေ့တိုးလာကာ
" အရှင်မင်းကြီးက အရှင်က ရှင်ဘုရင်တစ်ပါးပါ။ မီးဖွားခန်းမှာ နေတာ မသင့်တော်လှပါဘူး…"

သူ့စကား မဆုံးခင်မှာပဲ ကျင်းဝမ်က ဖြတ်ပြောလိုက်တယ်။
" ငါ ဒီမှာ နေပြီး သူ့ကို အဖော်ပြုပေးမယ်"

"ဒါပေမဲ့…"

ကျင်းဝမ်ကအေးစက်တဲ့ အကြည့်နဲ့
" မင်း နားမလည်ဘူးလား?"

တော်ဝင်သမားတော်က သူ့အကြည့်ကြောင့်ကြောက်ရွံ့နေပြီး ချွေးအေးတွေ ‌ထွက်လာတယ်။ သူက ခေါင်းခါကာ ထွက်သွားတော့တယ်။

တော်ဝင်သမားတော်ဖုန်းက ဆေးသေတ္တာကို အိပ်ရာဘေးနားထားပြီး ခေါင်းခါလိုက်တယ်။

သူ အရမ်း ငယ်နေသေးတာပဲ

ရဲ့ရွှီဟာ တဖြည်းဖြည်း နာကျင်မှုနဲ့ အသားလာခဲ့တယ်။ သူက ကျင်းဝမ် လက်တွေကို ကိုင်ကာ ဟာသလုပ်လာခဲ့တယ်။
" မင်းက အရမ်း ခက်ထန်တာပဲ"

ကျင်းဝမ်က အနည်းငယ် နီရဲနေတဲ့ သူ့မျက်လုံးတွေကို ကြည့်ပြီး နူးညံ့စွာ ဆိုလာတယ်။
" ဒါဆို မင်းကိုယ့်ကို ကြောက်လား?"

" ငါ မကြောက်တာ ကြာရောပေါ့" ရဲ့ရွှီက သူ့ကို ကြည့်ဖို့ ခေါင်းမော့လိုက်တယ်။သူ့အသံက အားနည်းနေပေမဲ့ တက်ကြွနေသေးတယ်။
" ငါ့ရဲ့ အရှင်မင်းကြီးက ကလေးဆန်ဆန်နဲ့ ချစ်ဖို့ကောင်းတဲ့ဟာကို ဘာက ကြောက်ဖို့ ကောင်းရမှာလဲ"

✅✔️☑အချိန်ကူးပြောင်းပြီးနောက် အမှတ်အသား ပေးခံလိုက်ရခြင်း { Myanmar Translation }Where stories live. Discover now