Chapter 22

9.5K 1.4K 97
                                    

Chapter 22

ရဲ့ရွှီ လက်ဆန့်ကာ သူ့ရဲ့ခြေကျင်းဝတ်က ချိန်းကြိုးကို ဆွဲကြည့်ပြီး တစ်ဖက်ကချည်ထားတာ ခိုင်ခံ့သလားဆိုတာ စမ်းကြည့်လိုက်တယ်။

“……”

ကျင်းဝမ်ရဲ့ သူ့ကို ထွက်မပြေးစေဖို့ နည်းလမ်းက တကယ်ကို … ရိုးရှင်းပြီး ကြမ်းတမ်းတာပဲ

နောက်ဆုံးတော့ ခွေးကောင်ဟာ ခွေးကောင်ပါပဲ

ဒီလိုအခြေအနေနဲ့ကြုံရတာ ရဲ့ရွှီအတွက် ပထမဆုံးပဲ ။ သူက ဗလာဖြစ်စွာ အိပ်ရာပေါ်မှာ ရယ်ရမလို ငိုရမလိုပုံစံနဲ့ ထိုင်နေခဲ့တယ်။

ရွှေချိန်းကြိုးကို ရိုရိုးစောင်ပေါ်မှာ ဖြန့်ကျတ်ထားပြီး အစွန်းတစ်ဖက်က ရဲ့ရွှီရဲ့ ခြေကျင်းဝတ်မှာရှိနေကာ သူ့ရဲ့ ခြေကျင်းဝတ်ကို ပိုပြီး လှပသွားစေတယ်။ ပန်ချီဆေးဆွဲထားသလို … ပြောမပြနိုင်တဲ့ အာရုံတစ်ခုကို ဖြစ်နေစေတယ်။

…. ကြည့်ရတာ ဆိုးရွားတာ တစ်ခုခုဖြစ်တော့မဲ့ ပုံပဲ

ရဲ့ရွှီဟာ အရင်က ဖြစ်ပျက်ခဲ့သမျှကို ပြန်တွေးနေခဲ့တယ်။

ရုတ်တရက် နွေးထွေးတဲ့ကိုယ်တစ်ခုက သူ့ကို အနောက်ဖက်မှ သိုင်းဖက်လာခဲ့တယ်။
" နိုးပြီလား?"

တိုးပြီး ဩရှတဲ့ အသံက သူ့ရဲ့ နားထဲကို ရုတ်တရက်ရောက်လာတော့ လန့်သွားတယ်။

" ကု မင်းကို ပေးတဲ့ လက်ဆောင်ကို ကြိုက်ရဲ့လား?" ကျင်းဝမ်ဟာ ရဲ့ရွှီ ပုခုံးပေါ် ခေါင်းမှီပြီး သူ့ကို ပြုံးကာ ကြည့်လာခဲ့တယ်။
" မင်းအတွက် အထူးပြင်ဆင်ထားရတာ"

ရဲ့ရွှီ ထွက်ပြေးသွားကတည်းက သူဒါကို ပြင်ဆင်ထားခဲ့တာ။ ခုနှစ်ရက်ဆိုတဲ့ အချိန်ဟာ မကြာရှည်သလို တိုတောင်းလှတဲ့ အချိန်လဲ မဟုတ်ဘူး။ ဒီရွှေချိန်းကြိုးကို လုပ်ဖို့ အချိန်လုံလောက်တယ်။

“……”

ရဲ့ရွှီက အပြုံးတစ်ခုကို ဖျစ်ညစ်ပြီး
" အရှင်မင်းကြီး ကျွန်တော်မျိုးထွက်မပြေးတော့ပါဘူး"

ကျင်းဝမ်က ပြုံးလျက်ဆိုလာတယ်။
" ကု မယုံဘူး"

ရဲ့ရွှီက သူ့အနားပိုကပ်ကာ
" အရှင်မင်းကြီး…."

✅✔️☑အချိန်ကူးပြောင်းပြီးနောက် အမှတ်အသား ပေးခံလိုက်ရခြင်း { Myanmar Translation }Where stories live. Discover now