Chapter 46

6.9K 1K 19
                                    

Chapter 46

ရဲ့ရွှီ ကျင်းဝမ်ကို ငေးကြည့်နေမိတယ်။ကျင်းဝမ်ဘာလို့ အခုလို ပြောတယ်ဆိုတာ သူ နားမလည်ဘူး။ 

သူ ဒီလိုမျိုး တစ်ခါမှ မတွေးခဲ့ဖူးဘူး။

ခေတ်သစ်အဖွဲ့အစည်းက သူ့ရဲ့ သရုပ်မှန်ကို သူ ရှင်းရှင်းလင်းလင်း မှတ်မိတယ်။ အဲ့ဒီ မှတ်ဉာဏ်တွေ အတွေ့အကြုံတွေနဲ့ အသိပညာတွေအကုန်လုံး အစစ်တွေပဲ

သူက ဘယ်လို လုပ်ပြီး မူရင်းပိုင်ရှင်ဖြစ်နိုင်မှာလဲ?

" မဖြစ်နိုင်တာ " ရဲ့ရွှီက ခေါင်းခါကာ ပြောလာတယ်။
" ဒါက အဓိပ္ပာယ်မှ မရှိတာ"

" အဓိပ္ပာယ်ရှိတာလား?" ကျင်းဝမ်ဟာ ရယ်စရာ ဟာသတစ်ခုကို ကြားလိုက်ရသလိုပဲ။
" အခုလေးတင် မင်းကိုယ့်ကို အများကြီး ပြောပြခဲ့တာလေ။ဘာတဲ့  အပြိုင်ကမ္ဘာ‌ေတွ ကူးပြောင်း‌လာတာတွေ ပြီးတော့ ကိုယ်က စာအုပ်ထဲက ဇာတ်ကောင်တစ်ကောင် ဆိုတာတွေ။ ဘယ်အပိုင်းကများ အဓိပ္ပာယ်ရှိနေလို့လဲ?"

ကျင်းဝမ် ကိုယ်တိုင်လဲ  ရဲ့ရွှီ အလွယ်တကူ ယုံကြည်သွားစေဖို့ မမျှော်လင့်ထားဘူး။

အ‌ဖြေထွက်လာတော့ ရုတ်တရက် သူက သူတော်စင်ရဟန်းတစ်ပါးလို့တောင် ခံစားလာရတယ်။ ဒီနေ့ ရဲ့ရွှီ ပြောခဲ့တဲ့ စကားတွေက အရင်က သံသယတွေ မေးခွန်းတွေ အကုန်လုံးကို ဖြေ‌ရှင်းပေးခဲ့တယ်။

ယွီယန်ပေါ်လာပြီးတဲ့ အချိန်က စပြီး အံ့ဩစရာတွေ ပိုပိုပြီး များလာခဲ့တယ်။ ဒါပေမဲ့ ကျင်းဝမ်ကတော့ တစ်ခုထဲသောအချက်ကိုပဲ ကျေနပ်နေမိတယ်။

အဲ့တာ‌က… ရဲ့ရွှီက သူ့ကိုဘယ်တော့မှ လုပ်ကြံမှာ မဟုတ်ဘူး။

ဒါကို အခြေခံပြီး သူဟာ အရင်က ခန့်မှန်းခြေ‌တွေကို ပြန်သတိရမိသွားတယ်။

'ဒီလွန်ခဲ့ သုံးနှစ်အတွင်း ရဲ့ရွှီမှာ တစ်ခုခုဖြစ်ခဲ့လိမ့်မယ်။ ဒါ့အပြင် အဲ့ဒီပြောင်းလဲမှုက ထင်ထားသလောက် မရိုးရှင်းလောက်ဘူး။'

ဒါ့ကြောင့် ရဲ့ရွှီကို စမ်းသပ်ဖို့ ရှောင်ဟွမ်ကို သူအသုံးချခဲ့တာပဲ

ထင်ထားတဲ့အတိုင်းပဲ အရင်က ဘာဖြစ်ခဲ့လဲဆိုတာ ရဲ့ရွှီ လုံးဝ မသိဘူး

✅✔️☑အချိန်ကူးပြောင်းပြီးနောက် အမှတ်အသား ပေးခံလိုက်ရခြင်း { Myanmar Translation }Where stories live. Discover now