Chapter 19

9.4K 1.3K 29
                                    

Chapter 19

ကျန်တဲ့ နေရက်တွေမှာ ကျင်းဝမ်က ရဲ့ရွှီပြန်နေကောင်းလာစေဖို့ အိပ်ခန်းဆောင်ထဲမှာဘဲ အကျဉ်းချထားခဲ့တယ်။

…. ဘုရားမလို့ ပြန်ကောင်းလာတာ

သူ နာရီ နည်းနည်းပဲ မတ်တပ်ရပ်နေခဲ့တာပါ။ သူ့ရဲ့ ကြွက်သားတွေက နာကျင်နေပြီး တစ်ရက်နှစ်ရက်လောက် နားလိုက်မှ ပြန်ကောင်းလာတယ်။ ဒါပေမဲ့ ကျင်းဝမ်က အရမ်းအခြေအနေဆိုးသလို လုပ်နေတယ်လေ။ နေ့တိုင်းနေ့တိုင်း သူ့ကို အိပ်ရာပေါ်က မဆင်းခိုင်းဘဲ သူသွားချင်တဲ့ နေရာရှိရင်တောင် ကျင်းဝမ်ကိုယ်တိုင် သူ့ကို သယ်သွားပေးတယ်။

အခုလို နီးကပ်နေတာက ရဲ့ရွှီကို စိတ်မသက်မသာဖြစ်စေတယ်

" ဘယ်ကို သွားမလို့ တွေးနေပြန်တာလဲ?"
ရဲ့ရွှီ ကုတင်အောက် ခြေမချရသေးခင်မှာပဲ ကျင်းဝမ်က လျှောက်တင်လွှာတွေ ကြည့်နေရာက ပြောလာတယ်။

ရဲ့ရွှီ ရပ်တန့်သွားပြီး စိတ်ဓါတ်ကျသွားတယ်။ ဒါပေမဲ့ ခဏလောက်နေတော့ အသိပြန်ဝင်လာတယ်။။ သူက ပျင်းရိစွာ ပြောလိုက်တယ်။
" ငါ မအိပ်ခင် ရေချိုးချင်လို့"

ကျင်းဝမ်က အစီရင်ခံစာတွေကို ချပြီး ထရပ်ကာ ရဲ့ရွှီဆီ လျှောက်လာခဲ့တယ်။

ရဲ့ရွှီက သူရဲ့ ရန်သူ အနီးကပ်လာသလို အနောက်ကို ဆုတ်လိုက်တယ်။
" မင်း ဘာလုပ်မလို့လဲ?"

" ရေကန်ဆီ သယ်သွားပေးမလို့လေ"

"......"

ရဲ့ရွှီ စိတ်ဆိုးဆိုးနဲ့ ပြောလိုက်တယ်။
" အခုငါ လမ်းလျှောက်နိုင်နေပြီလေ"

ကျင်းဝမ်က သူ့ကို လျစ်လျှုရှုပြီး တစ်ခါတည်း ပွေ့လိုက်တယ်။ ရဲ့ရွှီက ရုန်းကန်ဖို့ ကြိုးစားပေမဲ့ ကျင်းဝမ်က သူ့ရဲ့ ကျောအောက်ပိုင်း (တင်ပါး)ကိုညစ်လိုက်တယ်။ ရုတ်တရက် သူ့ရဲ့ တစ်ကိုယ်လုံးကို လျှပ်စစ်လျော့ရိုက်ခံလိုက်ရသလို ကျောရိုးတွေတစ်လျှောက် စီးကူးသွားပြီး တစ်ကိုယ်လုံး ထုံထိုင်းသွားစေတယ်။

သူ့ရဲ့ ခန္ဓာကိုယ်က ဒီရက်တွေမှာ ခါတိုင်းထက်ပိုပြီး အထိမခံဖြစ်လာတယ်။ ကျင်းဝမ် သူ့ကို ဒီလိုနည်းနဲ့ ချဉ်းကပ်လာတာကို သူအကြောက်ဆုံးပဲ

✅✔️☑အချိန်ကူးပြောင်းပြီးနောက် အမှတ်အသား ပေးခံလိုက်ရခြင်း { Myanmar Translation }Where stories live. Discover now