Chapter 14

10.8K 1.5K 56
                                    

Chapter 14

ကောင်းကင်အရောင် မှိန်ဖျော့လာတော့မှ ချန်းယွမ်လဲ တော်ဝင်စာကြည့်ဆောင်ထဲက ထွက်သွားခဲ့တယ်။

တော်ဝင် စာကြည့်ဆောင်ရဲ့ တံခါးက ဖွင့်ပြီး ပြန်ပိတ်သွားကာ ကောင်းကျင့် ဝင်လာပြီး မျက်ခုံးနှစ်ခုကြား နှိပ်နှယ်ကာ နဂါးပလ္လင်ပေါ် ထိုင်နေတဲ့ ကျင်းဝမ်ကိုသာ တွေ့လိုက်ရတယ်။

ကောင်းကျင့်က သူ့ဆီ လမ်းလျှောက်လာပြီး
" အရှင်မင်းကြီး ပင်ပန်းနေပါပြီ ဒီ ငယ်သား ဒီအရေးနဲ့ ပက်သက်ပြီး တာဝန်ယူလိုက်ရမလား?"

" စိတ်ထဲ မထားနဲ့" ကျင်းဝမ်က လက်ကို ဝေ့ယမ်းပြီး မေးလာတယ်။
" အမတ်မင်းရဲ့ အခု ဘာလုပ်နေလဲ?"

" အမတ်မင်းရဲ့က အိပ်ပျော်နေတုန်းပါပဲ"

ကျင်းဝမ်ရဲ့ မျက်နှာပေါ်က မောပန်းနွမ်းနယ်နေတဲ့ ခံစားချက်တွေ ပျောက်သွားပြီး နွေးထွေးမှုတွေ သူ့မျက်လုံးထဲမှာ ဖြတ်သန်းသွးတယ်။
" တစ်နေ့လည်လုံး အိပ်နေတယ်.... ဒီလူကတော့..."

ကောင်းကျင့်လဲ မဝံ့မရဲပြောလိုက်တယ်။
" အမတ်မင်းရဲ့ ဒီရက်တွေအတွင်း တက်တက်ကြွကြွ မရှိတာ ဒီငယ်သား သတိထားမိပါတယ်။ ဖြစ်နိုင်တာက သူ... အလုပ်အရမ်းလုပ်လိုက်ပြီး..... ခန္ဓာကိုယ်ကို ထိခိုက်သွားစေတာနဲ့ တူပါတယ်"

ကျင်းဝမ်က သူ့ကို တစ်ချက်ကြည့်လာပြီး
" ကုက အလိုက်မသိဘူးလို့ မင်း ပြောချင်တာလား?"

" ငါ ဂရုမစိုက်ဘူး"

ကိုယ်ရံတော် ခေါင်းဆောင်က ဦးညွတ်လိုက်ပေမဲ့ သူ့ရဲ့ မျက်နှာပေါ်မှာ " ကိုယ်လုပ်ထားတာတောင် ကိုယ်မသိဘူးလား" ဆိုပြီး ရေးထားသလိုပဲ

ကျင်းဝမ်:" ဒီ ရက်တွေမှာ ကုက ဒီတိုင်း..."

.... ဒီတိုင်း သူ့ကို ထိတောင်မထိဘူး

ပြောရင်းနဲ့ အဖျားရှုးသွားတော့ ကျင်းဝမ်က တော်ဝင်သမားတော်ကို မေးလိုက်တယ်။

တော်ဝင်သမားတော်:" ချင်ကျွင်းရဲ့ ရနံ့က ရုပ် ဒြပ် ကိုယ်ခန္ဓာ မရှိပေမဲ့ ခွင်ကျွင်းအပေါ်တော့ အရမ်း သက်ရောက်မှု ရှိပါတယ်။ ပုံမှန် ရနံ့ထက်ကို ပိုပြီး သက်ရောက်မှု ရှိတယ်။ ဒါ့အပြင် အမတ်မင်းရဲ့ သောက်ထားတဲ့ ထိန်းချုပ်ဆေးက သူ့ရဲ့ ရနံ့ကို ဖိနှိပ်ထားပါတယ်။ အဲ့တာက သူရဲ့ ချင်ကျွင်းကိုလှုံဆော်ဖို့ မဖြစ်နိုင်ပါဘူး။

✅✔️☑အချိန်ကူးပြောင်းပြီးနောက် အမှတ်အသား ပေးခံလိုက်ရခြင်း { Myanmar Translation }Where stories live. Discover now