Chapter 35

7.6K 1.1K 38
                                    

Chapter 35

ရဲ့ရွှီ ပွဲတော်မှာ ပေါ်လာတဲ့ အချိန်ကစပြီး နန်းတော်တစ်ခုလုံး ရက်ပေါင်းများစွာ ဒီကိစ္စကို ဆွေးနွေးနေခဲ့တယ်။

တော်ဝင်ကြင်ရာတော်‌နဲ့ သေဆုံးပြီးသား ရဲ့အမတ်မင်းက လုံးဝ ချွတ်စွပ်တူနေတယ်။ ဒီဟာရဲ့ နောက်ကွယ်မှာ ပိုပြီး နက်နဲတာတွေ ရှိလိမ့်မယ်

သေချာ‌ေတွးကြည့်ရင် ရဲ့အမတ်မင်းကွပ်မျက်တဲ့ အချိန်တစ်ဝိုက်လောက်မှာပဲ အရှင်မင်းကြီးက တော်ဝင်ကြင်ရာတော်နဲ့ လက်ဆတ်လိုက်ပြီး ဖြစ်ကြောင်း အမိန့်တော်ထုတ်ပြန်ခဲ့တယ်။

ဒီကိစ္စနှစ်ခုက တိုက်ဆိုင်တာတော့ မဖြစ်လောက်ဘူး

အတွေးအမြင်‌ ခန့်မှန်းချက်တွေ အများကြီး ထွက်လာပေမဲ့ ရဲ့ရွှီကို အံ့ဩသွားစေတာက ဘယ်သူကမှ တော်ဝင်ကြင်ရာတော်နဲ့ ရဲ့အမတ်မင်းနဲ့က တစ်ယောက်တည်းပဲလို့ မတွေးကြတာပဲ

တကယ်တော့ အဲ့လို ပြောတဲ့ လူတစ်ယောက်စ နှစ်ယောက်စတော့ ရှိပေမဲ့ အဲ့အတွေးကို လူတိုင်းက လျင်မြန်ပဲ ပယ်ချလိုက်ကြတယ်

ကျင်းဝမ်ကတော့ ထူးဆန်းတယ်လို့ မထင်ဘူး။

ကျင်းဝမ်:" သေရာကပြန်ရှင်လာတာနဲ့ ကိုယ်က အားလုံးကို လျစ်လျှူရှုပြီး  ဘုရင်မင်းမြတ်ကို ဆန့်ကျင်တဲ့ သစ္စာဖောက်ကို အသက်ရှင်ခွင့်ပေးတာ… ဘယ်တစ်ခုကို သူတို့ ယုံကြည်လိမ့်မယ်လို့ ထင်လဲ?

ဘယ်သူကမှ ယုံရဲမှာ မဟုတ်ဘူး

ကမ္ဘာပေါ်မှာ အဲ့လိုအရာမျိုး မရှိနိုင်ဘူးလေ
ဒါ့ကြောင့် သေရာက ပြန်လာတယ် ဆိုတာကလဲ လုံးဝကို မဖြစ်နိုင်တဲ့ကိစ္စ ။ နောက်တစ်ခုကျတော့လဲ အရှင်မင်းမြတ်က မုသားဆိုထားတယ်လို့ သူတို့တွေးရဲပါ့မလား? ဘယ်သူက အဲ့လောက် အတင့်ရဲမှာလဲ?

ဟုတ်တာပေါ့ အရာရှိတွေဟာ ပွဲတော်နေ့တုန်းက အရှင်မင်းမြတ် သည်းသည်းလှုပ်နေအောင် ချစ်တဲ့ တော်ဝင်ကြင်ရာတော်နဲ့ တစ်ချိန်က မြို့တော်မှာ အရှင်မင်းမြတ်‌ေနာက် နှစ်ပေါင်းများစွာလိုက်ပြီး အာဏာကြီးမားခဲ့တဲ့ အမတ်မင်းရဲ့ဟာ တစ်ယောက်တည်းဆိုတာ ယုံကြည့်မယ့်အစား သေလိုက်မယ် ဆိုတဲ့လူတွေပဲ

✅✔️☑အချိန်ကူးပြောင်းပြီးနောက် အမှတ်အသား ပေးခံလိုက်ရခြင်း { Myanmar Translation }Where stories live. Discover now