Chapter 45

6.7K 1.1K 40
                                    

Chapter 45

လေထုက ထူးဆန်းစွာ တိတ်ဆိတ်သွားတယ်။

ခဏကြာတော့ ရဲ့ရွှီက တုံ့ဆိုင်းစွာနဲ့ မေးလိုက်တယ်။
" မင်း…. ဒီမှာ ရောက်နေတာ ဘယ်လောက်ကြာပြီလဲ?"

… ပြီးတော့ သူဘယ်လောက်တောင် ကြားသွားတာလဲ?

ကျင်းဝမ် အပြုံးက အနည်းငယ် ဖျော့တော့သွားကာ
" မကြာသေးပါဘူး"

သူ ခဏလောက်ရပ်သွားပြီးမှ ဆက်ပြောလာခဲ့တယ်။
" ဒါပေမဲ့ ကိုယ် မင်းနောက်ကို လိုက်ခဲ့တာ"

"..."

ဆိုတော့ သူ အကုန်လုံးကို ကြားသွားတာပေါ့

ရဲ့ရွှီ ကျောရိုးတစ်လျှောက်အေးစိမ့်သွားတယ်။ အေးလွန်းလို့ သူ တုန်ရီလာတယ်။

ဒီနေ့ည ကျင်းဝမ်က အရက်မူးဟန်ဆောင်ခဲ့တယ်။ ဘာလို့လဲ ဆိုတော့  သူ ရှောင်ဟွမ်နဲ့အတူ ထွက်ပြေးသွားမလား မထွက်ပြေးဘူးလား ဆိုတာ စမ်းသပ်ချင်လို့ ဖြစ်နိုင်တယ်။ သူ့အရင် စိုးရိမ်စိတ်တွေက လွန်ကျူးနေတာ မဟုတ်ဘူးပဲ။ ဒီလူက အစကတည်းက သူနဲ့ ရှောင်ဟွမ်ကြားမှာ ထူးဆန်းတာ တစ်ခုခုရှိနေတာ သတိထားမိခဲ့တာပဲ

ကျင်းဝမ်က တစ်လှမ်းချင်းလှမ်းလာပြီး ရဲ့ရွှီကိုဖက်ဖို့ လက်ဆန့်လိုက်တယ်။ ဒါပေမဲ့ တစ်ဖက်လူက အံ့ဩတုန်လှုပ်စွာ နောက်ဆုတ်သွားတယ်။

သူ့လက်က လေထဲမှာ ခဏလောက် တန့်နေပြီးနောက်မှ ရဲ့ရွှီကို ရင်ခွင်ထဲ ဆွဲလိုက်တယ်။

"  အေးနေလား?" ကျင်းဝမ်က သူ့လက်ကို ကိုင်ကာ
" မင်းရဲ့ လက်ဖဝါးတွေ ချွေးပြန်နေပြီ။ မင်းက ကု စိတ်ဆိုးမယ်လို့ ထင်နေတာလား?"

ရဲ့ရွှီဟာ နှုတ်ခမ်းတွေကို ကိုက်ထားတာကြောင့် ‌နှုတ်ခမ်းသားတွေ ဖျော့တော့လာခဲ့တယ်။

ကျင်းဝမ်က လက်တစ်ဖက်နဲ့ ရဲ့ရွှီကို ရင်ခွင်ထဲ ဆွဲသွင်းကာ သူ့ကျောလေးကို ညင်သာစွာ ပုတ်ပေးလိုက်တယ်။
" ကု စိတ်မဆိုးပါဘူး။ မကြောက်ပါနဲ့"

ကျင်းဝမ်က သူ့ရဲ့ နဖူးကို ရဲ့ရွှီရဲ့ အေးစက်နေတဲ့ နဖူးနဲ့ ထိလိုက်တယ်။ သူပြုံးလိုက်တော့ သူ့မျက်လုံးတွေက နူးညံ့သွားတယ်။
" အရူးလေး မင်းက ကုနဲ့အတူနေဖို့ ဆန္ဒရှိတာပဲ။ ကုအခု ပျော်တာထက်ကို ပိုတယ်။ ဒါကြောင့် မင်းကို ဘာလို့ စိတ်ဆိုးရမှာလဲ?"

✅✔️☑အချိန်ကူးပြောင်းပြီးနောက် အမှတ်အသား ပေးခံလိုက်ရခြင်း { Myanmar Translation }Where stories live. Discover now