Chapter 1

24.9K 2.4K 96
                                    

Chapter 1

အထက်ကောင်းကင်ယံမှ လရောင်ကအေးမြစွာဖြာကျလျှက်ရှိပြီး လေပြည်အေးလေးကလဲ တဝီးဝီး တိုက်ခတ်နေတယ်။

ချူးဝေအင်ပါယာက ချန်းလုတိုင်းပြည်ရဲ့ တော်ဝင် တောလိုက်ကွင်းအတွင်းမှာ များစွာသော လက်ရွေးစင် မြင်းတပ်ဖွဲ့များဟာ မီးတုတ်တွေကို ကိုင်မြှောက်ထားကြကာ စခန်းအနီးရှိတောထဲမှာ တစ်စုံတစ်ရာကို ရှာဖွေနေကြတယ်။

လွန်ခဲ့သော နာရီဝက်လောက်က ချန်းလုရဲ့ အုပ်ချုပ်သူဟာ နားနေဆောင်ထဲမှာပဲ လုပ်ကြံခံရပြီးတော့ သေလား ရှင်လားဆိုတာ ဘယ်သူမှ မသိရဘူး။

စခန်းတွင်း အုံကြွလာပြီး လူအော်သံ အချက်ပေးသံ‌တွေနဲ့ ဆူညံသွားတယ်။ ဘုရင်မင်းမြတ်ရဲ့ မနီးမဝေးမှာရှိတဲ့ တဲငယ်အတွင်းမှာ ချောမောလှပသော လူငယ်တစ်ယောက် လက်နှစ်ဖက်နဲ့ စာအုပ်ကို ကိုင်ကာစားပွဲခုံရှေ့မှာ ထိုင်နေတယ်။

" သခင်လေး အပြင်သွားပြီး မစစ်ဆေးချင်တော့ဘူးဆိုတာ သေချာလား?"
သူ့ဘေးက အမဲ‌ရောင်ဝတ်စုံနဲ့ ကိုယ်ရံတော်တစ်ယောက်က သူ့အတွက် လက်ဖက်ရည်တစ်ခွက် ဆက်သပြီး ‌အသံတိုးတိုးနဲ့ မေးလာတယ်။

လူငယ်လေးက သူ့ကိုမကြည့်ဘဲနဲ့
" မစစ်ဆေးတော့ဘူး"

" ဒါပေမယ့် မင်းကြီး တစ်ခုခု ဖြစ်သွားရင်....."

သူ့စကားမဆုံးခင်မှာပဲ လူငယ်လေးက မျက်ခွံပင့်ပြီး သူ့ကို အေးစက်စွာ ကြည့်လိုက်တယ်။

လူငယ်လေးက တကယ်ကို နူးညံ့သိမ်မွေ့ပါတယ်။ သူ့ပုံစံက လှပကြော့ရှင်းနေတယ်။ ဒါပေမယ့် အဲ့တာတွေက သူ အားနည်းနေတယ်ဆိုတယ် ဖော်ပြနေတယ်။

သူက သူ့ရဲ့ ပိန်ပါးသွယ်လျတဲ့ ခန္ဓာကိုယ်ကို ဖုံးကွယ်ထားတဲ့ အကျတစ်ထည်သာ ဝတ်ဆင်ထားပြီးအိပ်ရာထဲမှာပဲ ရှိနေသင့်တယ်။

သူ့မျက်နှာက ဖြူဖွေးရှင်းသန့်နေပြီး အစက်အပြောက်ကင်းရှင်း‌နေတယ်။ နားအောက်က အရိုင်းဆန်လှတဲ့ မှည့်သေးသေးလေးက လွဲလို့ပေါ့။ မီးလင်းဖိုရဲ့ မီးရောင် အောက်မှာ တောက်ပနေတဲ့ အနီရောင်တောက်တောက်လေးက မျက်စိဖမ်းစားလွန်းလှတယ်။

✅✔️☑အချိန်ကူးပြောင်းပြီးနောက် အမှတ်အသား ပေးခံလိုက်ရခြင်း { Myanmar Translation }Where stories live. Discover now