Chapter 47

6.7K 1K 8
                                    

Chapter 47

ကျင်းဝမ်ရဲ့ မျက်လုံးတွေက တောက်လောင်နေပြီး သူ့နှုတ်ခမ်း ညာဘက်ထောင့်က အပေါ် ကွေးတက်နေတယ်။

အခုလို အချိန်မျိုးမှာတောင် သူက တည်တည်ငြိမ်ငြိမ်နဲ့ အခြေ‌ေနတစ်ခုလုံးကို ထိန်းချုပ်နိုင်သေးတယ်။ ဒါဟာ နှစ်ပေါင်းများစွာကြာဖြစ်ပေါ်လာတဲ့ ခံစားချက်ကို ဖိနှိပ်ထားနိုင်သလိုပဲ

ရဲ့ရွှီ ရုတ်တရက် သူ့ရဲ့ စကားပြောနိုင်စွမ်းကို လုယက်ခံလိုက်ရသလို ခံစားလိုက်ရတယ်။ သူ့နှုတ်ခမ်းတွေက အနည်းငယ်တုန်ရီနေကာ စကားတစ်ခွန်းမှ မပြောနိုင်ခဲ့ဘူး။

ဘယ်လို ဖြေရမယ်မှန်း သူမသိဘူး။

ကျင်းဝမ်ရဲ့ မေးခွန်းကို ကြားတော့ သူ မငြင်းပယ်နိုင်ခဲ့ဘူး။ သူ လိမ်ညာဖို့တောင် ခွန်အားမရှိဘူး။

ရဲ့ရွှီဟာ ဒီနေ့လောက် တစ်ခါမှ မခက်ခဲဖူးဘူးလို့ ခံစားလာရတယ်။ ဖြစ်နိုင်တာက သူဟာ တစ်ချို့ကိစ္စတွေမှာ ဦးနှောက်အရမ်း နှေးကွေးတာကြောင့်လား ဒါမှ မဟုတ် အဲ့ဒီအရာတွေကို သူမတွေးရဲခဲ့လို့လား
.

သူက ဒီကမ္ဘာနဲ့ မသက်ဆိုင်ဘူး။ ပြီးတော့ သူ့‌အပေါ်ထားတဲ့ ခံစားချက်တွေကိုတောင် အသုံးချခဲ့သေးတယ်

သူက အဲ့ဒီအရာတွေကို တွေးတောဖို့ အရည်အချင်းအနိမ့်ဆုံးလူပဲ

ရဲ့ရွှီ ဒီကမ္ဘာထဲက အမြဲထွက်သွားချင်ခဲ့တယ်။ဒီကမ္ဘာနဲ့ ပက်သက်ပြီး သူ ဘယ်သူ့ကို ဘယ်အရာကိုမှ သူမလွမ်းသရွေ့ ဒီကမ္ဘာကို စာအုပ်ကမ္ဘာလို့ပဲ သူသဘောထားခဲ့တာ။ သူ အသက်ရှင်ဖို့ ဘာဖြစ်ဖြစ်လုပ်နိုင်တယ်။

သူဟာ တစ်ဖက်လူကို လှည့်ဖြားဖို့ အမျိုးမျိုးလိမ်ညာနိုင်တယ်။ ပြီးတော့ ဘယ်အချိန်မဆို စကားပြန်ရုတ်သိမ်းခဲ့တယ်

ဒါပေမဲ့ သူ ဒီကမ္ဘာထဲမှာ ပျော်မွေ့လာတဲ့ အချိန်ကစပြီး အရာအားလုံးပြောင်းလဲသွားပြီ

ဒါ့ကြောင့် သူ့စိတ်ထဲမှာ ဂရုမထားဖို့ အရမ်းကြီး အလေးအနက် မယူဖို့ ပြီးတော့ ဒီမှာ ဖြစ်နေတဲ့အရာတွေအားလုံးက အတုဆိုပြီး သူ့ကိုယ်သူအကြိမ်များစွာ သတိပေးနေခဲ့တယ်။

✅✔️☑အချိန်ကူးပြောင်းပြီးနောက် အမှတ်အသား ပေးခံလိုက်ရခြင်း { Myanmar Translation }Where stories live. Discover now