Chapter 53

6.8K 1K 32
                                    

Chapter 53

ကျင်းဝမ်က မျက်လုံးမှေးကျဉ်းကာ တစ်ယောက်နဲ့တစ်ယောက် ဖက်ထားကြတဲ့ အခန်းထဲက နှစ်ယောက်ကို အေးစက်စွာ ကြည့်လိုက်တယ်။

သူ့ရဲ့ အမတ်မင်းကတော့ ဒီနေ့ ပြဿနာ အကြီးကြီး ရှာလိုက်ပြီပဲ။ သူ အကြိမ်များစွာ ဖိတ်ခေါ်ခဲ့တုန်းကတော့ သူက နန်းတော်ထဲ ဝင်ဖို့ ငြင်းပယ်ခဲ့တယ်။ သူ့ကို ခေါ်ဖို့ ကောင်းကျင့်ကိုတောင် လွတ်ခဲ့ပေမဲ့ သူက အားလုံးကို ပြန်ပို့ခဲ့တယ်

သူတို့နှစ်ယောက် အချိန်အတန်ကြာ ပူးကပ်နေခဲ့လို့များလား။ အရှင်မင်းကြီးဟာ တစ်ယောက်တည်း မနေတတ်တော့ဘူး။ ဒါ့ကြောင့် ဒီကိစ္စကို ကိုယ်တိုင် ဖြေရှင်းဖို့ အနားမယူဘဲ ထွက်လာခဲ့တယ်။

နောက်တော့ သူ ဒီမြင်ကွင်းကို မြင်လိုက်ရတယ်။

အခန်းထဲက ခွင်ကျွင်းလေးနှစ်ယောက်စလုံး ကြက်သေသေသွားကြတယ်။ သူတို့က ကျင်းဝမ်ဘက်ကို ကြောင်တောင်တောင်နဲ့ ကြည့်နေကြပြီး ရှောင်ဟွမ်ရဲ့ လက်က ရဲ့ရွှီကို ဖက်ထားသေးတယ်။

ရဲ့ရွှီက အရင်ဆုံး သတိဝင်လာခဲ့ပြီး ရှောင်ဟွမ်ကို အဝေးတွန်းလိုက်တယ်။
" မဟုတ်ဘူး။ မင်းထင်သလို မဟုတ်ဘူး။ ငါပြောတာနားထောင်!"

မမျှော်လင့်ထားစွာနဲ့ ရှောင်ဟွမ်က မလွတ်ပေးခဲ့ဘဲ ရဲ့ရွှီကို ပိုတိုးဖက်ကာ
" ကောကော … ကောကောရဲ့ဗိုက်က….."

" လွှတ်စမ်း!"

" ဘာလို့….."

ရှောင်ဟွမ် စကားမဆုံးခင်မှာ ဘေးကနေ လက်တစ်ဖက် ထွက်လာပြီး သူ့ကို အဝေးတွန်းလိုက်တယ်။

ကျင်းဝမ်က ရဲ့ရွှီကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး သူ့ကို အပြုံးမမည်သော အပြုံး ပြုံးပြလာခဲ့တယ်။
" ဒီနေ့ ရဲ့အမတ်မင်းက ကိုယ်တော် ဖိတ်ခေါ်တာကို လက်မခံတာ အံ့ဩစရာ မရှိတော့ပါဘူး။ တစ်စုံတစ်ယောက်နဲ့ သီးသန့်တွေ့နေရတာကို "

ရဲ့ရွှီ: "…"

သူ‌ေနာက်ဆုတ်ဖို့ အရမ်းနောက်ကျသွားပြီလားဟင်?

တစ်ခဏနေတော့ အခန်းက လင်းထိန်သွားတယ်။ ကျင်းဝမ်က ပင်မထိုင်ခုံမှာ ထိုင်ပြီး ရဲ့ရွှီက သူ့အတွက် လက်ဖက်ရည်တစ်ခွက်ယူလာပေးတယ်။

✅✔️☑အချိန်ကူးပြောင်းပြီးနောက် အမှတ်အသား ပေးခံလိုက်ရခြင်း { Myanmar Translation }Where stories live. Discover now