Chapter 5

14.5K 1.9K 44
                                    

Chapter 5

ဒါက သူဒီရက်တွေထဲမှာ အပြင်းထန်ဆုံးသော တုန်လှုပ်ရခြင်းပဲ။ မဟုတ်ရင် သူခုတင်လေးနှိုးတာကြောင့် ခေါင်းရှင်းဖို့လိုနေတာ ဖြစ်မယ်။ ရဲ့ရွှီ စိတ်ထဲ ဗလာဖြစ်သွားပြီး ခြောက်ကပ်ကပ်နဲ့ပြုံးရုံလေးပဲ ပြုံးနိုင်တော့တယ်။ ပြီးမှ အသံသေးသေးလေး ထွက်လာတယ်။
" အရှင် အရှင် အရှင်မင်းကြီးက သေချာရေတွက်ထားတာပဲ"

ကျင်းဝမ် "......"

ရဲ့ရွှီ "......"

သူဘာအကြောင်းပြောနေတာလဲ!

ကျင်းဝမ်က တကယ်ကို စိတ်သဘောထား ကျဉ်းမြောင်းတဲ့ ဘုရင်။ သူ ရာဇပလ္လင်ကို ဆက်ခံတဲ့အချိန်တုန်းက တိုင်းပြည်အခြေအနေက မတည်မငြိမ်ဘူး။ တချို့လူတွေက သူ့နောက်ကွယ်မှာ အရှင်မင်းကြီးက မင်းကောင်းမင်းမြတ်တစ်ပါးမဟုတ်ဘူးလို့ ပြောကြတယ်။ နောက်တော့ ကျင်းဝမ်က သူတို့အားလုံး ကို လျှာဖြတ်ပြီး ခွေးစာကျွေးပစ်လိုက်တယ်။

သူအများကြီး ကျိန်ဆဲခဲ့တာပဲ..... ရဲ့ရွှီ လျှာထုံလာတယ်လို့ ခံစားလာရပြီး ငိုချင်လာတယ်။
".... ကျွန်တော်မျိုးတောင်းပန်ပါတယ်"

ဒါပေမယ့် ကျင်းဝမ်က ရယ်မောနေခဲ့တယ်။

သူက သူ့လက်ချောင်းတွေနဲ့ ရဲ့ရွှီမျက်နှာကို ပွတ်သပ်လိုက်ပြီး စနောက်ကာ ဖျစ်ညစ်လိုက်တယ်။
" မင်းကို တကယ် အပြစ်ပေးဖို့ လိုနေပြီပဲ"

" မင်းအတွက် ဘယ်လိုအပြစ်ပေးရင် ကောင်းမလဲ..." သူကိုယ်ကို ဖြောင့်လိုက်ပြီး ဖြည်းဖြည်းချင်းပြောလာတယ်။
" အခုတလော ကု တိုင်းရေးပြည်ရေးကိစ္စတွေနဲ့ ခေါင်းရှုပ်နေတာ။ အိုက်ချင်းက ကုကို အကြံဉာဏ်ပေးနိုင်မလား?"

ရဲ့ရွှီကတော့ သူစနောက်နေတာကို သတိမထားမိဘဲ ရိုကျိုးစွာပြောလာတယ်။
" ဒီငယ်သား မလုပ်ရဲပါဘူး...."

" ဘာလို့ မလုပ်နိုင်တာလဲ?"
ကျင်းဝမ် မျက်ခုံးပင့်လိုက်တယ်။
" ကု ထီးနန်းဆက်ခံပြီးနောက်ပိုင်း ကုနဲ့အတူဖြေရှင်းဖို့ ‌အိုက်ချင်းနဲ့ အမြဲဆွေးနွေးနေကြပဲမလား? ကု အလုပ်များနေတဲ့အချိန်ဆိုရင် အမိန့်ပြန်လွှာတွေကိုတောင် အိုက်ချင်းပဲ ကုအစားရေးပေးခဲ့တာမလား။ အခုကျ ဘောက်မဲ့ကြောင့် မလုပ်ရဲဘူး ဖြစ်သွားရတာတုန်း?"

✅✔️☑အချိန်ကူးပြောင်းပြီးနောက် အမှတ်အသား ပေးခံလိုက်ရခြင်း { Myanmar Translation }Where stories live. Discover now