Chapter 26

8.7K 1.2K 27
                                    

Chapter 26

ရဲ့ရွှီ ပါးစပ်အပြည့် ဂျင်းလက်ဖက်ရည်တွေ အကုန် မှုတ်ထုတ်လိုက်မိပြီး သီးတော့မလို ဖြစ်သွားတယ်။

တော်ဝင်သမားတော်က က သူ့ကို ကူညီဖို့လုပ်တော့ ရဲ့ရွှီက တားကာ ပြောလာတယ်။
" မလုပ်နဲ့ မင်းပြောတာ ငါက… အဟမ်း ကိုယ်လုပ်တော် အန်းက…. ဘာကြီးဖြစ်တာ?"

" ကိုယ်ဝန်ရှိနေတာပါ" တော်ဝင်သမားတော်ဖုန်းက ဖြေလာတယ်။
" နှစ်လလောက် ရှိနေပါ‌ပြီ"

အဟွတ် အဟွတ် အဟွတ်!

ရဲ့ရွှီ ပိုတောင် သီးသွားတယ်

ကိုယ်ဝန်ရှိတယ်???သူတို့ စကားလုံး တစ်ခုတည်းကိုပဲ ကြားလိုက်ရတာလား???

ကိုယ်ဝန်ရှိတာက ကိုယ်ဝန်ရှိတာလား?
ကလေးမွေးပေးရတဲ့ ကိုယ်ဝန်လေ????

ရဲ့ရွှီ သတိပြန်လည်လာဖို့ အချိန်ခဏလောက် ယူလိုက်ရတယ်။ ပြီးတော့ သူ့ရဲ့ လက်ကဗိုက်ပေါ်ပွတ်လိုက်မိတယ်။ ရန်ရှင်းအဆောင်မှာ နဂါးမီးတွေ လောင်ကျွမ်းနေပြီး နွေးထွေးနေတယ်။ ရဲ့ရွှီက အတွင်းဝတ်အပါးလေးသာ ဝတ်ထားတယ်။ ပြီးတော့ သူ့ရဲ့ ဝမ်းဗိုက်ထဲက နူးညံ့တဲ့အရာလေးကို ခံစားမိလာသလို ဖြစ်လာတယ်။

လွန်ခဲ့တဲ့ နှစ်လလုံးလုံး သူ မကြာခဏ အော့အန်ပြီး အမြဲတမ်းအိပ်နေခဲ့တယ်။ ဒါပေမဲ့ သူ ဘာကြောင့်လဲဆိုတာ မသိဘူး။ တော်ဝင်သမားတော်ကလဲ ဘာပြဿနာမှ မရှိဘူးလို့ ပြောတယ်။ ဒါ့ကြောင့် သူအများကြီး မတွေးလိုက်မိဘူး။ ကိုယ်ဝန်ရှိတယ်ဆိုတာကိုတော့ ‌ပြောမနေနဲ့တော့

အဓိပ္ပာယ်မရှိလိုက်တာ ။ယောက်ျားတစ်ယောက်က ဘယ်လိုလုပ်ပြီး ကိုယ်ဝန်ဆောင်နိုင်မှာလဲ???

ဒါ့အပြင်  ဒီလူအိုကြီးက ဘာလို့ ဒါကို မေ့နေကြတာလဲ?

သူ ဘယ်လို ဝတ္ထုထဲကိုများ ကူပြောင်းလာခဲ့တာလဲ???

ရဲ့ရွှီ ခေါင်းတွေ မူးနောက်လာတယ်။ ဒါ အဓိပ္ပာယ်မှ မရှိတာ။ သူကိုယ်သူ တည်ငြိမ်အောင် တွန်းအားပေးပြီး တရားနည်းလမ်းကျတဲ့ မေးခွန်းကို မေးလိုက်တယ်။
"ငါ…. ကိုယ်လုပ်တော်အန်းက ယောက်ျားလေးလေ။ ဘာလို့ သူက … ကိုယ်ဝန်ဆောင်ရမှာလဲ?"

✅✔️☑အချိန်ကူးပြောင်းပြီးနောက် အမှတ်အသား ပေးခံလိုက်ရခြင်း { Myanmar Translation }Where stories live. Discover now