Chapter 59 final

11.6K 1.1K 74
                                    

Chapter 59 .final

မျက်စိတစ်မှိတ်အတွင်းမှာပဲ  ‌ဆောင်းဦးရာသီ ရောက်လာပြီး ရာသီဥတုက အေးလာပြီ။ အရှင်မင်းကြီးက နောက်ဆုံးတော့ သူ့ကြင်ရာတော်နဲ့ သားတော်ကို…. မဟုတ်ဘူး..... အမတ်မင်းနဲ့ မင်းသားလေးကို မြို့တော်ကို ပြန်ခေါ်လာခဲ့တယ်။

သူတို့နှစ်ယောက်ဟာ အရာရှိတွေ အရှေ့မှာဆိုရင် ရှင်ဘုရင်နဲ့ လက်အောက်ငယ်သား ဇာတ်ခင်းကြတယ်။ အချိန်ကျလာရင် ညီလာခံတက်ပြီး အချိန်ကျလာရင် တိုင်းပြည်ရေးရာတွေကို ဖြေရှင်းတယ်။ သဘောထားကွဲလွဲတာတွေ ရှိနေရင် ခါတိုင်းလိုပဲ အရာရှိတွေရဲ့ ရှေ့မှာ ငြင်းခုန်ကြတယ်။

ဒါပေမဲ့ ဒီတစ်ကြိမ်တော့ အဲ့ဒီ ငြင်းခုန်တာတွေက ကလူကျီစယ်တာတွေနဲ့ ပိုတူတယ်။

ဟုတ်တာပေါ့ ကွဲပြားတာတော့ နည်းနည်းရှိတယ်။

ဥပမာ အားဖြင့် အရင်ကဆိုရင် ညီလာခံပြီးတာနဲ့ ရဲ့အမတ်မင်းက အိမ်တော်ပြန်မယ်။ ဒါမှမဟုတ်ရင် တိုင်းပြည်ရေးရာတွေ ဖြေရှင်းမယ်။ ဒါပေမဲ့ အခုကျတော့ သူက ညဆို အိမ်မပြန်တော့ဘဲ နန်းတ်ောထဲမှာပဲ နေတယ်။

ရဲ့အမတ်မင်း မြို့တော်ပြန်ရောက်တာ လဝက်လောက် ရှိနေပေမဲ့ ရဲ့အိမ်တော်ထဲက ဘယ်သူမှ မင်းသားလေးကို မတွေ့ဖူးကြဘူး။

ရဲ့အိမ်တော်က အစေခံတွေဟာ ခေါင်းခါပြီး သက်ပြင်းချမိကြတယ်။ သူတို့ဟာ တဖြည်းဖြည်းနဲ့ သူတို့ရဲ့ ကံကြမ္မာကို လက်ခံလာကြ‌တယ်။

လအနည်းငယ် ကြာပြီးနောက် အနောက်ဘက်ရှားပြည်နယ်နဲ့ ပက်သက်တဲ့ စစ်ပွဲရေးရာ ကိစ္စတွေကို အကုန်ဖြေရှင်းနိုင်ခဲ့တယ်။ ဒါပေမဲ့ သူတို့ကို ဖြေရှင်းတော့ ပြဿနာ တစ်ခု ပေါ်လာတယ်။

ဖြစ်ပုံက ဒီလို။

ချန်းလုနဲ့ အနောက်ဘက်ရှားပြည်နယ်က အရမ်းဝေးလွန်းတယ်။ အရေးပေါ် ကိစ္စမဟုတ်ရင်  မြို့တော်ကနေ အနောက်ဘက် ရှားပြည်နယ်ဆီ ရောက်ဖို့ တစ်လခွဲလောက်ကတော့ ကြာတယ်။

ဒါက သတင်းပျံ့တဲ့ နှုန်းပဲ

ဒါ့ကြောင့် အနောက်ဘက် ရှားပြည်နယ်ရဲ့ မြို့တော်ကျသွားတော့ ရှားဘုရင်ဟာ ချန်းလုဆီကို သံတမန်တွေပို့ဆောင်လာတယ်။ အနောက်ဘက်ရှားပြည်နယ်က သတင်းဟာ  ချန်းလုရဲ့ ဘုရင်နဲ့ အမတ်မင်းဆီ ရောက်မလာသေးဘူး။

✅✔️☑အချိန်ကူးပြောင်းပြီးနောက် အမှတ်အသား ပေးခံလိုက်ရခြင်း { Myanmar Translation }Where stories live. Discover now