Chapter 10

10.7K 1.6K 50
                                    

Chapter 10

ခဏကြာတော့ လူတိုင်းရဲ့ အကြည့်တွေက ရဲ့ရွှီဆီကို ကျရောက်လာခဲ့တယ်။

စောင့်ကြည့်နေတဲ့ မျက်လုံးတွေအောက်မှာ ရဲ့ရွှီက သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်ပြီး လည်ချောင်းရှင်းလိုက်တယ်။
" ငါက အရှင်မင်းကြီး အပေါ် သစ္စာရှိတယ်။ မင်းက ဘာလို့ ငါ့ကို မှားယွင်းစွပ်စွဲရတာလဲ?"

" မင်းကို မှားယွင်းစွပ်စွဲတာလား တကယ်လားဆိုတာ သိဖို့လွယ်ပါတယ်" မုကျုချင်းက နှာရှုံ့လိုက်ပြီး
" အမတ်မင်းရဲ့ သူ့ရဲ့ ကျောထောက် နောက်ခံကိုများ မေ့နေလေသလား?"

တကယ်တော့ မူရင်းပိုင်ရှင်ရဲ့ ကျောထောက် နောက်ခံကို စာအုပ်ထဲမှာလဲ ပြောပြထားတယ်။

မူရင်းပိုင်ရှင်ရဲ့အဖေက စစ်တပ်ရဲ့ တပ်မှုးတစ်ယောက်။ အရင် ဘုရင်မင်းမြတ်အတွက် နေရာစုံသွားကာ စစ်တိုက်ရပြီး စွန့်စားမှုတွေလဲ လုပ်ရတယ်။ မူရင်းပိုင်ရှင် ငယ်ငယ်တုန်းက သူ့ရဲ့အဖေက ရန်သူတွေနဲ့ ပူးပေါင်းတယ်ဆိုပြီး စွပ်စွဲခံခဲ့ရတယ်။

သူ့အဖေကို အစောင့်အကြပ်တွေမြောက်များစွာနဲ့ မြို့တော်ကို ပြန်ခေါ်လာကြပြီး သူတို့ တစ်မိသားစုလုံး ကွပ်မျက်ခံခဲ့ရတယ်။

သူ့အဖေမှာ ကလေးတွေအပြင် ကိုယ်လုပ်တော်တွေလဲ အများကြီး ရှိတယ်။ မူရင်းပိုင်ရှင်က အစေခံမလေးတစ်ယောက်ကမွေးခဲ့ပြီးတော့ အဲ့ဒီအချိန်တုန်းကဆို 7 နှစ်သား အရွယ်ပဲ ရှိနေသေးတယ်။ သူ့အသက်ကို ကယ်နိုင်ဖို့အတွက် နန်းတော်ဆီကို တစ်ယောက်ကနေ တစ်ယောက်ဆီကို ဆင့်ကာဆင့်ကာပို့ဆောင်ပေးခဲ့ကြတယ်။

ဒီလိုဆိုရင် မူရင်းပိုင်ရှင် သစ္စာဖောက်ရတဲ့ အကြောင်းအရင်းက....သူ့မိသားစုအတွက် လက်စားချေမလို့လား?

ရဲ့ရွှီ နားလည်သွားပြီ။

မူရင်းပိုင်ရှင် ကျင်းဝမ်နားကို ချဉ်းကပ်ခဲ့တာကလဲ မရိုးသားဘူး။

အစကတည်းက သူကအရင်ဘုရင်တွေနဲ့ တခြားမင်းညီမင်းသားတွေကို သတ်ဖို့
ကျင်းဝမ်နဲ့ ရင်းနှီးမှုကို အသုံးချခဲ့တာပဲ။ ပြီးတော့ သူတို့ကို တစ်ပြိုင်တည်းသတ်ဖို့အတွက် ကျင်းဝမ်ရဲ့ ယုံကြည်မှုကို အခွင့်ကောင်းယူခဲ့တယ်။

✅✔️☑အချိန်ကူးပြောင်းပြီးနောက် အမှတ်အသား ပေးခံလိုက်ရခြင်း { Myanmar Translation }Where stories live. Discover now