Chapter 32

7K 1K 41
                                    

Chapter 32

ရဲ့ရွှီ အိပ်ရာပေါ်က လိမ့်ကျလုမတတ် ထိတ်လန့်သွားတယ်

တော်သေးတာက သမားတော်ဖုန်းက ဘေးအနားရှိပြီး အချိန်မှီ ဖမ်းနိုင်ခဲ့လို့

ကျင်းဝမ်က မြန်မြန်အနားရောက်လာပြီး ရဲ့ရွှီကို ထိန်းပေးလိုက်တယ်။
" ဂရုစိုက် အဆင်ပြေလား?"

“……‌အင်း”

ရဲ့ရွှီဟာ လိပ်ပြာမလုံတာကြောင့် တခဏလောက် တုန်ရီနေပြီး ခဏကြာမှ ကျင်းဝမ်အင်္ကျီစကို ဆုပ်ကိုင်လိုက်တယ်။
" အရှင်မင်းကြီးက ဒီနေ့ ပြန်လာတာ တော်တော်စောတာပဲ?"

" ဒီနေ့ ညီလာခံမှာ ကြီးကြီးမားမားအရေးကြီးတဲ့ ကိစ္စမရှိဘူးလေ ဒါ့ကြောင့် ကုစောစော ပြန်လာခဲ့တာ"
ကျင်းဝမ်က ရဲ့ရွှီရဲ့ ဆံပင်ကို ပွတ်သပ်ပြီး ပြောလာတယ်။
" အရင်က ဒီနန်းဆောင်ထဲမှာ တစ်ယောက်တည်းနေရတာ ပျင်းနေပြီဆိုလို့ မင်းကို အဖော်ပြုပေးရအောင် ဒီနေ့ စောစော ပြန်လာခဲ့တာ"

…… သူရောက်လာတာနဲ့ တစ်စုံတစ်ခုကို ဖုံးကွယ်ထားဖို့ ဒီလူက တခြားလူကို တောင်းဆိုနေတာကို ကြားရလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။

ကျင်းဝမ်ဟာ နှစ်ပေါင်းများစွာ ဘုရင်လုပ် အုပ်ချုပ်လာခဲ့တာ။တားမြစ်ထားတဲ့ လျှို့ဝှက်ချက်‌ေတွကို ထုတ်ဖော်ပြောဆိုခြင်းမပြုရဘူးဆိုတာ သူသိတယ်။၊
အထူးသဖြင့် ဒီလူရဲ့ပါးစပ်ကနေ ထွက်လာတဲ့ လျှို့ဝှက်ချက်တွေပေါ့

သေချာတာကတော့ ကောင်းတာ
ဘာမှ ရှိမှာ မဟုတ်ဘူး

အဲ့ဒီအတွေးတွေ ကျင်းဝမ်ရဲ့ စိတ်ထဲဝင်လာမိချိန်မှာ သူ မေးလိုက်မိတယ်
"မင်းနဲ့ တော်ဝင်သမားတော်ဖုန်း ဘာအကြောင်းပြောနေတာလဲ"

ရဲ့ရွှီ, “……”

"ကု ကို အသိမပေးရဘူးလို့ တော်ဝင်သမားတော်ကို ပြောတာ ကု ကြားလိုက်ရသလိုပဲ"

ကျင်းဝမ် မျက်လုံးတွေ မှေးကျဉ်းလိုက်ပေမဲ့ သူ့အသံကတော့ နူးညံ့နေသေးတယ်။
" ဘာတွေ လုပ်ထားလို့ တော်ဝင်သမားတော်ကိုတောင် လျှို့ဝှက်ဖို့ ပြောနေတာလဲ?"

ရဲ့ရွှီ ဘာမှ မတုံ့ပြန်ရဲတော့ ကျင်းဝမ်က ဘေးမှာ ရှိနေတဲ့ တော်ဝင်သမားတော်ဘက် ခေါင်းလှည့်မေးလိုက်တယ်။
" တော်ဝင်သမားတော် ဖုန်း ပြောလို့ရမလား?"

✅✔️☑အချိန်ကူးပြောင်းပြီးနောက် အမှတ်အသား ပေးခံလိုက်ရခြင်း { Myanmar Translation }Where stories live. Discover now