Chapter 4

14.2K 2.1K 78
                                    

Chapter 4

ဆေးထဲမှာ စိတ်ငြိမ်စေတဲ့ပစ္စည်း ပါလောက်တယ်။ ရဲ့ရွှီ နာနာခံခံနဲ့ သောက်လိုက်ပြီး ခဏ‌ကြာတော့ ပင်ပန်းသလို ခံစားရလာကာ သူ သတိမေ့မျောသွားတယ်။

သူပြန်နိုးလာတော့ နေ့လည်တောင် ရောက်နေပြီ။

ကျင်းဝမ် အိပ်ခန်းထဲမှာ မရှိတော့ဘူး။ ရဲ့ရွှီက အဝတ်တွေကို သေသေသပ်သပ် ဝတ်ဆင်လိုက်ပြီး အစေခံ‌တစ်ယောက်က နေ့လည်စာ ယူပေးလာတယ်။

အစေခံက ရဲ့ရွှီကို ဦး ညွှတ်လိုက်ပြီး
"အရှင်မင်းကြီးက အမတ်ရဲ့ နေ့လည်စာ စားပြီးရင် သိုင်းလေ့ကျင့်ကွင်းကို လာခဲ့ပါလို့အမိန့်ပေးထားပါတယ်"

" သိုင်းလေ့ကျင့်ကွင်း?"

ကျင်းဝမ်က ဘယ်လို နတ်ဆိုးကြီးလဲ?

ရဲ့ရွှီ:" ဘာလို့ အရှင်မင်းကြီက ပန်ကွမ်းကို အဲ့ကို လာခဲ့ဖို့ မိန့်ထားတာလဲ?"

" ဒီအစေခံ မသိပါဘူး"

အစေခံက ပြောစရာ ရှိတာ ပြောပြီးတော့ အပြင်မှာ စောင့်နေတယ်။ ရဲ့ရွှီ သူမကို တစ်ချက်ကြည့်လိုက်ပြီး နောက်ထပ်ဘာမှ မမေးလိုက်တော့ဘူး။

ကျင်းဝမ်လွတ်လိုက်တဲ့ လူအများစုကို ဘာမှ မမေးသင့်ဘူး။

ရဲ့ရွှီအတွက် နေ့လည်စာက အရသာ မရှိတော့ဘူး။ ဒါ့ကြောင့် သူ့ ဗိုက်ကို မြန်မြန် ဖြည့်ပြီး အစေခံကို သူ့ကို ခေါ်သွားဖို့ ပြောလိုက်တယ်။

ဒါက ကျင်းတူး ရဲ့ မြို့တော် မဟုတ်တာ‌ကို တွေ့သွားတယ်။
( ကျင်းတူး _-_ ဂျပန်နိုင်ငံ တိုကျိုမြို့)

ဒါက မြို့စွန်မှာရှိတဲ့ ကျင်းဝမ်ရဲ့ နွေရာသီ အိမ်တော်ပဲ

နန်းတော်က တော်ဝင်မြို့တော်ထက် အများကြီး မသေးပါဘူး။ ရဲ့ရွှီ အိပ်တဲ့ အိပ်ခန်းဆောင်ဆို ကန်ကြီး တစ်ကန်ထဲမှာ ရှိတာ။ ရဲ့ရွှီကကန်ပေါ်က ဝရန်‌တာတွေကို ပတ်ကာ
အစေခံနောက်ကို လိုက်သွားပြီး သိုင်းလေ့ကျင့်ကွင်းကို မရောက်ခင်အချိန်အထိ10 မိနစ်ကျော်ကျော်လောက် လမ်းလျှောက်ခဲ့ရတယ်။
ဆူညံ‌သံတွေ ထွက်နေတယ်။

သေနတ်ပစ်နေကြတာပဲ။

‌ရဲ့ရွှီ နေရာမှတင် ရပ်လိုက်ပြီး ထွက်ပြေးချင်စိတ်တွေ ပေါက်လာတယ်။

✅✔️☑အချိန်ကူးပြောင်းပြီးနောက် အမှတ်အသား ပေးခံလိုက်ရခြင်း { Myanmar Translation }Where stories live. Discover now