Chapter 15

10.2K 1.5K 17
                                    

Chapter 15

ကျင်းဝမ်ရဲ့ စကားကို ကြားတော့ ရဲ့ရွှီ ပထမဆုံးတွေးမိသွားတာ သူဘယ်နေရာက လာခဲ့သလဲ ဆိုတာပဲ

ဘယ်သူမှ မသိတဲ့ သူ့ရဲ့ လျှို့ဝှက်ချက်ဆိုရင် သူ စာအုပ်ထဲကို အချိန်ကူးပြောင်းခဲ့တာပဲ ရှိမယ်။

ဒါပေမဲ့ သူ ဒီကိစ္စကို မပြောရဲဘူး။ ကျင်းဝမ်ယုံကြည်ဖို့ မဖြစ်နိုင်တာကို အသာထား အရေးကြီးဆုံးက….

ကျင်းဝမ် သူ့ကို ကောင်းကောင်းဆက်ဆံပေးတာက မူရင်းပိုင်ရှင်နဲ့ ဆက်ဆံရေးကြောင့်ပဲ။ သူ့ရဲ့ နေရာကို လူဆိုးလူညစ်တစ်ယောက်နဲ့ အစားထိုးလိုက်မှန်းသာ သိသွားရင်  သူအသက်ရှင်ဖို့ နည်းလမ်း ရှိပါဦးမလား?

ဒါပေမဲ့ အဲ့တာတွေထက် သူ တခြား ဘာပြောစရာ ရှိနေသေးလို့လဲ?

ကျင်းဝမ်က သူတုံ့ဆိုင်းနေတာ မြင်တော့ 
" မင်း ကုကို မပြောချင်လို့လား?"

သူက လျှို့ဝှက်ချက် ရှိလား မရှိလား မေးတာ မဟုတ်ပေမဲ့ သူပြောချင်လား မပြောချင်လား လို့ မေးတာပဲ

ကျင်းဝမ်က လူတွေစိတ်ကို အရမ်း နားလည်တယ်။ ဒါ့ကြောင့် သူ့ရှေ့မှာ လိမ်တာ နည်းနည်းလေးမှ အသိဉာဏ်ရှိတဲ့ လုပ်ရပ်မဟုတ်ဘူး

လှည်းက ဖြည်းဖြည်းချင်း လှိမ့်ကာ သွားနေပြီး လှည့်အတွင်းမှာလဲ တိတ်ဆိတ်နေတယ်

နောက်တော့ ရဲ့ရွှီက အသံတိုးလေးနဲ့ မေးလိုက်တယ်။
" ဒီငယ်သား … ဒီအကြောင်းအရာကို အခုချိန်မပြောလို့ ရလား?"

ကျင်းဝမ် မျက်ခုံးပင့်လိုက်ပြီး
" အခုလား?"

" အင်း...ငါ ဒါကို အ ကြွေး ထားထားမယ်လေ"
ရဲ့ရွှီ နှုတ်ခမ်းသပ်ကာ ကတိပေးလိုက်တယ်။
" အနာဂတ် တစ်ချိန်ချိန်ကျ ငါ သေချာပေါက် မင်းကို ပြောပြပါ့မယ်"

ကျင်းဝမ်က ရဲ့ရွှီကို သေချာ စိုက်ကြည့်နေတယ်။
လူငယ်ရဲ့ မျက်လုံးတွေက ကြည်လင်တောက်ပနေတယ်။ လိမ်ညာလှည့်စားမှု အနည်းမျှတောင် မပါဝင်နေဘူး။

ကျင်းဝမ်ရင်ထဲက နူးညံ့တဲ့နေရာလေး လှုပ်ရှားသွားရတယ်။

သူ ပြန်မဖြေတာကို မြင်တော့ ရဲ့ရွှီက ကျင်းဝမ်ဘေးနားရွေ့ကာ ကောင်းငုံ့ပြီး ကျင်းဝမ် လက်ဖက်ရည်ခွက်ကိုင်ထားတဲ့ လက်မောင်းကို ဖက်လိုက်တယ်။
" အရှင်မင်းကြီး ကျွန်တော်မျိုး ဒီအကြောင်းအခု မပြောချင်သေးဘူး။ ရက်အနည်းငယ်လောက် ပေးရုံလေးပဲ ဟုတ်ပြီလား?"

✅✔️☑အချိန်ကူးပြောင်းပြီးနောက် အမှတ်အသား ပေးခံလိုက်ရခြင်း { Myanmar Translation }Where stories live. Discover now