Chapter 16

10K 1.4K 37
                                    

T/N တကယ်တော့လေ ဒီဟာက နန်းတွင်း ဝတ္ထုဖြစ်ပေမဲ့ ရဲ့ရွှီက ကျင်းဝမ်နဲ့ စကားပြောရင် သိပ်ပြီး မယဉ်ကျေးဘူးလို့ ခံစားရတယ်။ အဲ့တာကြောင့် တစ်ခါတစ်လေ ကျွန်တော်မျိုးလို့ သုံးပြီး တစ်ခါတစ်လေကျ ငါ၊မင်းပဲ သုံးထားပါတယ်နော်

Chapter 16

လူငယ်လေးက နူးညံ့သိမ်မွေ့တဲ့ ပုံပန်းသဏ္ဍာန်ရှိပြီး အပြုံးကြောင့် တောက်ပနေတဲ့ မျက်လုံးတစ်စုံနဲ့ နှစ်လိုဖွယ်ကောင်းတဲ့ မျက်ခုံးတွေ ရှိတယ်။

ကျင်းဝမ်နှလုံးသားကို တူသေးသေးလေးနဲ့ ထုရိုက်လိုက်သလို သူရဲ့ ရင်ထဲ လုံးဝ ဗြောင်းဆန်ကုန်တယ်။

ကျင်းဝမ်က ခုန်ပေါက်နေတဲ့ နှလုံးသားကို ဖိနှိပ်ပြီး ပြောလာတယ်။
" စောစောကတည်းက ကိုယ့်ဘာသာ စားလို့ ကုပြောထားတယ် မဟုတ်လား? မင်းက ကု လုပ်ရမဲ့ တာဝန်တွေကို နှောင့်နှေးအောင် လုပ်နေတာ သိရဲ့လား?"

ရဲ့ရွှီရဲ့ ပြုံးနေတဲ့ မျက်လုံးတွေက အောက်ကို ငိုက်သွားပြီး စိတ်လှုပ်ရှားမှုကို ဖော်ပြလာခဲ့တယ်။ သူက နှုတ်ခမ်းကို ကိုက်ပြီး အသံတိုးတိုးနဲ့ ပြောလာတယ်။
" ဒါပေမဲ့…ဒါပေမဲ့ လူတိုင်း အစာ စားဖို့ လိုတယ်လေ။ ငါက မင်းဒီနေ့ နေ့လည်ကတည်းက တိုင်းပြည်ရေးရာ ကိစ္စတွေနဲ့ အလုပ်များလွန်းလို့ ပွဲတော်မတည်ရသေးဘူးလို့ ကြားခဲ့တယ်။ ဘယ်လိုလုပ် မင်းရဲ့ ကိုယ်က ခံနိုင်မှာလဲ?"

" မင်းက ကုကို စိတ်ပူနေတာလား?" ကျင်းဝမ် မေးလိုက်တာ်။

ရဲ့ရွှီက ခေါင်းငုံ့ကာ အနည်းငယ် ရှက်သွေးဖြာနေတယ်။
" ကျွန်တော်မျိုးရဲ့ နှလုံးသားက အရှင့်အတွက်ပါ။ ဒါ့ကြောင့် ကျွန်တော်မျိုး အရှင်ကို စိတ်ပူတာ သဘာဝကျတာပဲလေ"

ကျင်းဝမ်က သူ့ကို သေချာကြည့်ပြီး သူ့စကားတွေကို သေချာ စီစစ်နေတယ်။

ခဏလောက်ကြာတော့ သူ ရဲ့ရွှီကို ခေါ်လိုက်တယ်။
" ကောင်းပြီ ဒီကို လာခဲ့"

ရဲ့ရွှီကလဲ လိမ်လိမ်မာမာနဲ့ သူ့ဆီ သွားလိုက်တယ်။ ကျင်းဝမ်က ထမင်းဘူးကို လက်တစ်ဖက်နဲ့ အဝေးမှာ ထားလိုက်ပြီး ကျင်းဝမ်ကို ကျန်တဲ့ လက်တစ်ဖက်နဲ့ ရင်ခွင်ထဲ ဆွဲသွင်းလိုက်တယ်။

✅✔️☑အချိန်ကူးပြောင်းပြီးနောက် အမှတ်အသား ပေးခံလိုက်ရခြင်း { Myanmar Translation }Where stories live. Discover now