part(68)

9.7K 776 35
                                    

နေသားမကျသေးသော ခွဲခွာခြင်းများ....

ဒီလိုနဲ့ပဲ ခွဲရပြန်ပြီပေါ့။

"မောင်...မောင့်အမေဆီပြန်လိုက်အုံးလေ...မပြန်တာကြာပြီဆို"

"ကြာပြီ...အမေနဲ့ ဖုန်းပြောနေတာပဲလေ...အမေ နေကောင်းပါတယ်...မောင် မပြန်ချင်ဘူး"

"တစ်ခုခုဖြစ်ထားလို့လား"

"ဟုတ်တယ်...အစ်မက အိမ်မှာလာပြောင်းနေတယ်လေ...သူ့ယောကျားကထောင်ထဲမှာဆိုတော့"

"အော်...ဒါနဲ့ပဲ မောင် အမေ့ကိုမတွေ့ရတာလား...အစ်မရှိလဲဘာဖြစ်လဲ မောင်ရဲ့.."

"မပြန်ချင်ပါဘူးကွာ..အမေ နေကောင်းရင်ကျန်းမာရင်ပြီးတာပဲ"

​မောင့်မျက်နှာကြည့်ပြီး...ဆက်မပြောတော့ပါ။
မောင်အဆင်ပြေသလို လုပ်ပါစေလေ။

လင်းသန့်ကြည်ကတော့ မေမေနဲ့ဖွားဆီကို မကြာခဏရောက်ပါတယ်။
ကိုယ့်အလုပ်ကလဲ မေမေတို့နဲ့အရမ်းမဝေးတော့ အားလပ်ရက်ရရင်သွားတာပဲ။ ဖွားက ပြီးခဲ့တဲ့နှစ်ကပဲဆုံးပါးသွားတယ်။
အိမ်မှာ မေမေတစ်ယောက်ထဲရယ်...အဆောင်နေကျောင်းသားလဲ သိပ်မထားတော့ဘူး..မေမေက နားချင်နေပြီ။
လင်းသန့် မောင့်ကိုခေါ်ပြီး မေမေ့ဆီပြန်ရအုံးမယ်။
မေမေလဲ မောင့်ကိုမကြာခဏမေးတယ်။
တွေ့ခွင့်ရရင် တွေ့ချင်သေးတယ်တဲ့။
အခုက မောင်တော့ဘုရားက ဗန်းမောက်ပြန်ဖို့ပဲအားသန်နေတာမို့ မသွားနိုင်သေးဘူး။
.
.
.
.
နောက်ထပ် သုံးလလောက် မောင်နဲ့ခွဲရပြန်တယ်။
ဒီကြားထဲ အဆက်အသွယ်ဆိုလို့ နေ့တိုင်းညတိုင်းဖုန်းပြောရတာပဲရှိတယ်။
Video call ခေါ်ဖို့ကလဲ မောင် မြို့ပေါ်တက်လာတဲ့နေ့မှ အဆင်ပြေတာ။
တောထဲရောက်နေရင် လိုင်းကမိတစ်ချက် မရတစ်ချက်။

"မောင်...ရေ"

"ငယ်ထွေးလေး...ရေ"

ဖုန်းခေါ်တိုင်းချွဲ ဖုန်းပြောတိုင်းချွဲ...
ချွဲစိန်ကို ထွေးဖက်ထားချင်စိတ်ကိုချိုးနှိမ်ရတယ်။
အလုပ်တွေကလဲ သိတဲ့အတိုင်းနှစ်ယောက်လုံးများကြတာပါ။
ငယ်ထွေးကိုသတိရတိုင်း စွတ်လုပ်ခဲ့တဲ့အလုပ်တွေက ခုတော့ လုပ်ငန်းကြီးတစ်ခုဖြစ်နေပြီ။
ကိုဝင်းအောင်တစ်ယောက်ထဲဆိုရင်လဲ အလုပ်ကမနိုင်တော့ဘူး။
ငယ်ထွေးလေးကို တောထဲ ခေါ်ထားဖို့ကလဲ ဘယ်လိုမှအဆင်မပြေဘူး။ အတော်ခက်နေတဲ့ကိစ္စပါပဲ။
အေးပါလေ...ငယ်ထွေးနဲ့နောက်မှ တိုင်ပင်လိုက်တော့မယ်။
.
.
.

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now