Ep1

13.7K 424 5
                                    

မနက်ခင်းရဲ့ နေရောင်ခြည်အလင်းရောင်ပျပျ
နွေးနွေးလေးဟာ
မျက်နှာထက်ကို ကျရောက်နေတာကြောင့်
ဆက်၍ မအိပ်ဖြစ်တော့ဘဲ
မျက်လုံးလေးကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း
နိုးထလာခဲ့သည်။

ရိုင်းဧကရာဇ်နိုးလာတာနဲ့
အိပ်ရာကနေမထသေးဘဲ
ဘေးနားက သူ့ကို ရင်ခွင်ထဲကို ထည့်ကာ
ဖက်၍ အိပ်ပျော်နေတယ့်
ကိုကို့ မျက်နှာထက်သို့အရင်
အနမ်းတွေ တဝကြီးခြွေပစ်လိုက်သည်။

မောင့်နှလုံးသားလေးရဲ့ ကိုယ်သင်းနံ့လေးက
အမြဲမွှေးနေတာဘဲ
ရင်ခွင်ထဲကနေထွကိကာ
လွန်းသုထက်အပေါ်ကနေ အုပ်မိုးကာ
နမ်းနေမိတယ့် ရိုင်းသည်
အချိန်အတော်ကြာ နမ်းရှိုက်နေတာတောင်
မရပ်တန့် ချစ်ရသူရဲ့ ကိုယ်သင်းနံ့ကို
တဝကြီး ရူရှိုက်နေဆဲ
မျက်နှာထပ်ကို အနမ်းတွေပေးပြီးကာမှ
လည်တိုင်လှလှလေးကိုပါ
နီနီရဲရဲ အမှတ်သားတို့ ဆင်ပေးတော့
ကိုကိုဟာ ညီးသံလေး ဖွဖွနဲ့
နိုးလာတော့သည်။

နိုးလာတယ့် ကိုကိုဟာ
အရင်ရက်တွေလိုဘဲ မောင့်ကိုကြည့်ရင်း
မြတ်နိုးစွာ ပြုံးပြကာ
နှာဖူးလေးကို အနမ်းလေးခြွေလေသည်။

အိမ်ထောင်သက် ၆နှစ်
ရိုင်းကို အမြဲနားလည်ကာ
ချစ်ပေးတယ့် ကိုကိုဟာ
အခုထိလဲ အချစ်တွေမလျော့ဘဲ
ပိုတိုးနေစဲဆိုတာ
အမူအရာတွေကို ကြည့်ရုံနဲ့
ခံစားလို့ရတာကြောင့်
သူ့ကြောင့် အခုန်မြန်နေတယ့်
ကိုကိုရဲ့ နှလုံးသားရှိရာ
ရင်ဘက်ပေါ်ကို ခေါင်းလေးစောင်းကာ
တင်လိုက်တော့

ဆံပင်လေးတွေပေါ် ရောက်လာတယ့်
ကိုကိုရဲ့ လက်အထိအတွေ့လေးတွေ
နူးနူးညံ့ညံ့

မောင် ကိုကို့ရင်ဘက်ပေါ်ကနေ
ဆံပင်သပ်ပေးနေတယ့် လက်အထိအတွေ့လေးကို
မှတ်သားနေကာ
အခုန်မြန်နေတယ့် ကိုကိုရဲ့ နှလုံးခုန်သံကိုလည်း
နားထောင်နေလေသည်။

မောင့်ကြောင့် အခုန်မြန်နေတယ့်
ကိုကိုရဲ့ နှလုံးသားက သံစဥ်ကို
နားထောင်ရတာ မောင်အရမ်းသဘောကျတယ်။

လွန်းသုထက်တစ်ယောက်
လည်ပင်းကို အကိုက်ခံရတာကြောင့်
နာကျင်သွားကာ နိုးလာတော့
တဖွဖွအနမ်းတွေပေးကာ
ရင်ဘက်ပေါ် ခေါင်းလေးတင်ရင်း
ချွဲနေတယ့် မောင်ကြောင့်
နှုတ်ခမ်းသားတို့ကို ကော့တက်စွာ
ပြုံးမိရင်း
လက်ကလေးဟာလည်း
မောင့်ရဲ့ ဆံပင်လေးတွေကို
သပ်ပေးနေမိသည်။

Simple{ပူတူးလေးများနှင့် ကျွန်တော်ချစ်ရသောမောင်}completeWhere stories live. Discover now