Ep32.1

1.4K 91 3
                                    

"ဟက်ချိုး "

"အယ် မောင် နှာစေးနေပြီမလား
လာ ကြောင်ဆိုးလေး"

နှာချေနေတယ့် မောင့်ကို လွန်းရုပ်တည်နဲ့ခေါ်လိုက်တော့
မျက်နှာငယ်လေးနဲ့လာတယ့်မောင်
အလကားပါ ဒီကြောင်ဆိုးလေးသပ်သပ်ချွဲနေတာ

"ကိုကိုမောင် ရွှတ် နှာမွှန်နေပြီ"

မှန်တင်ခုံနားမှာ ရပ်နေတယ့်လွန်းဆီကိုလာကာ
ရိုင်းဟာ ထိုင်ခုံမှာထိုင်လို့
ကိုကို့ရဲ့ခါးကိုဖက်လို့
ကိုကိုရဲ့ မျက်နှာလေးကို မော့ကြည့်လိုက်သည်။

"အဲ့လို မျက်လုံးလေးတွေနဲ့ ကိုယ့်ကိုလာမချွေနဲ့မောင်
ဆေးသောက်ရမယ်သိလား"

"ဆေးသောက်စရာမလိုပါဘူး ကိုကိုကလဲ
ဒါက ချွေးထွက်အောင် လေ့ကျင့်ခန်းလုပ်ရင်ရပြီ"

ရိုင်းရဲ့ စကားကြောင့်
လွန်းသုထက် ပါးလေးတွေရဲတက်လာကာ
နှာဖူးလေးကို လက်သီးစုပ်လေးနဲ့ထုပေးလိုက်သည်။

"ကောင်စုတ်လေး ပေါက်တကရတွေမပြောနဲ့
ကိုယ် စားဖို့တစ်ခုခုနဲ့ ဆေးယူလာပေးမယ်
ကုတင်ပေါ်မှာ နွေးနွေးထွေးထွေးသွားနေတော့"

ရိုင်းရဲ့ ဆံပင်လေးတွေကို ဖွပေးလို့
ပြောတယ့် ကိုကို
ရိုင်းကတော့ ငချွဲလေးလုပ်ကာ
မျက်နှာလေးကို ကိုကိုရဲ့ ဗိုက်သားပြင်လေးနဲ့ကပ်လို့ ဘယ်ညာပွတ်နေရင်းနဲ့
နှုတ်ခမ်းလေးကလဲ သားသားတို့ကို
နေအိမ်လေးပေးလို့ လောကကြီးအပြင်ကိုခေါ်ထုတ်ပေးခဲ့တာကြောင့်
အရာကျန်ခဲ့တယ့် ချုပ်ရိုးလေးကို
နမ်းလိုက်သည်။

"မောင် နှာစေးရုံဘဲလား
နေရောကောင်းရဲ့လား ကလေးလေး"

"ကောင်းပါတယ် ကိုကိုရဲ့ဘာဖြစ်လို့လဲ"

'မောင် မျက်နှာလေးတစ်မျိုးဖြစ်နေသလိုဘဲ
နှုတ်ခမ်းတွေလဲ ဖျော့လို့"

"မောင်တကယ်အဆင်ပြေပါတယ်
နှလုံးသားလေးရဲ့ "

"ဟုတ်ပါပြီ"

လွန်းသုထက် မောင်ရဲ့မျက်နှာလေးက
နွမ်းနေတာကြောင့် မေးခြင်သော်လဲ
မဖြေဖို့ရာ ရှောင်နေတယ့်မောင်ကြောင့်
အတင်းမမေးတော့ပေ
မောင်မဟုတ်တာမလုပ်ဖူးဆိုတာ လွန်း​ယုံတယ်။
ခက်ခဲနေလို့သာ ထုတ်မပြောတာ
ဒီလိုချိန်တာ အတင်းမေးလို့
မဖြေခြင်ရင် မောင်ဟာ အလိမ်အညာတွေကို
သုံးရလိမ့်မယ်။
ဒါကြောင့် လွန်းသုထက် ယုန်လေးအဖြစ်နှာစေးနေလိုက်သည်။

Simple{ပူတူးလေးများနှင့် ကျွန်တော်ချစ်ရသောမောင်}completeWhere stories live. Discover now