Ep32.2

1.5K 101 8
                                    

"အွန်း ကိုကို"

"ကျွတ်စ် ကျွတ်စ် အိပ်နော်မောင်
ကျွတ်စ် ကျွတ်စ်"

လွန်းသုထက် ပန်းကန်တွေသွားသိမ်းမလို့
ထလိုက်ပေမယ့် အိပ်ပျော်နေတယ့်မောင်ဟာ
သူ့ရဲ့လက်မောင်းကြီးတွေ အားကိုးနဲ့
လွန်းရဲ့ခါးကို ညှစ်ကာ ရုန်းလေပိုတိုးစွာ
ဖက်လေကြောင့် ခါးလေးကော့တက်သွားရသည်။

*ဟင်း ဒီညတော့ ဒီတိုင်းအိပ်ရတော့မယ်
ထင်တယ်*

"အိပ်နော် မောင် ကိုယ်ဘယ်မှမသွားတော့ဘူး"

အ​ဲ့တော့မှ လက်ကလေးလျော့သွားတယ့်
မောင်ကြောင့် လွန်းသက်ပြင်းချရသည်။
မောင်ကတော့လေ အိပ်ပျော်နေတာတောင်
လွန်းကို တင်းကျပ်နေအောင်ဖက်ထားစဲ။

................... ................... .....................

"ဟင် မောင်ရော "

လွန်းသုထက် အိပ်ရာကနေနိုးတာနဲ့
အိပ်ယာဘေးကို ကြည့်တော့ အေးစက်ကာ
လွတ်နေတယ့် နေရာလွတ်ကြောင့်
လွန်းသုထက်ရဲ့ မျက်လုံးခုံးလေးတွေသည်
ကျုံ့သွားရသည်။
မောင်ဆိုတာ သူကိုယ်တိုင်
ပြင်ဆင်ပေးမှ အလိုကျတတ်တယ့်သူမလား

သို့သောိ အတွေးတစ်ချို့များနေတာကို
လွန်းသုထက် ဖြတ်ချလို့
ခေါင်းလေးကို အသာရမ်းလိုက်သည်။

"မောင် အရေးကြီးကိစ္စရှိလို့ဖြစ်မှာပါ။"

ထို့နောက် ကုတင်ပေါ်ကနေဆင်းကာ
စောင်လေးတွေကို ခေါက်လို့
ခေါင်းဖြီးရန်
မှန်ရှေ့သို့ရပ်လိုက်တော့
မှန်ပေါ်က လက်ရေးလေးနဲ့စာလေးဟာ
အသည်းပုံ အရုပ်လေးပါပါလျှက်
(မောင် အရေးကြီးကိစ္စလေးရှိလို့
စောစောထသွားတာကိုကို
မစိုးရိမ်နဲ့နော် မောနင်းကစ် မွှစ်)

လွန်းသုထက်စာလေးကို ကိုင်လို့
ဖတ်ပြီးချိန်မှာ
ဟက်ကခနဲရယ်မိသည်။

*မောင်ကတော့လေ ဘယ်လိုတွေတောင်
ချစ်ဖို့ကောင်းနေတာလဲ*

ထို့နောက်တော့ လွန်းသုထက်
ရေချိုးခန်းထဲဝင်ကာ
မျက်နှာသစ် သွားတိုက်လို့
ခေါင်းကနေရေချိုးပစ်လိုက်သည်။

....................

"မောနင်းပါပါး မွှစ်"

"မောနင်းပါ ချစ်ပါပါး မွှစ်"

Simple{ပူတူးလေးများနှင့် ကျွန်တော်ချစ်ရသောမောင်}completeWhere stories live. Discover now