Ep25

1.4K 87 5
                                    

"ကိုကိုရာ ငြိမ်ငြိမ်နေလေ "

လက်တွေရမ်းပြီး သီချင်းတွေဆိုနေတယ့်
ကိုကို့ကို ရိုင်းမှာလိုက်ဖမ်းနေရသည်။
ဆိုင်ထဲကထွက်တည်းက
ကားပေါ်ပြန်မတက်ဘဲနဲ့
သီချင်းတွေဖွင့်ကာ အကြိုက်အော်ဆိုနေတယ့်
ကိုကိုကြောင့် လူတွေမှာလဲ ပြုံးစိပြုံးစိနဲ့
လူတွေကြည့်တာကို ရိုင်းမရှက်ပါ။
သို့သော် ချစ်ဖို့ကောင်းလွန်းတယ့်ပုံလေးကို
လူတွေအများကြီး မြင်တွေ့နေရတာကိုတော့
ဘဝင်မကျပေ ငါ့အပိုင်ကိုကို့ကိုများ
ကြည့်ရဲ့နေကျတာ။

2002သီချင်းကို ဆိုနေတယ့်ကိုကိုကတော့
အပေါ်ထပ်ကိုပင်ချွတ်ကာ
ဆံပင်တွေကိုပင် ဖြန့်ချကာ
အကတို့ကိုပါ ကပြရင်း
အကျယ်ကြီးကို အော်ဆိုနေသည်။

"Oops.I got  99 problems singing
Bye.Bye.Bye
Hold up.if you wanna go and
Take a ride with me
Better hit me.baby
One more time .uh"

"ကိုကိုရယ် ငြိမ်ငြိမ်နေပါ နှလုံးသားလေးရဲ့"

"ဝူးးးးးးးးးးးးးးးးးးးး လေယာဥ်ပျံကြီး
ဟီး လေယာဥ်ပျံကြီးကလဲ
ဒါမျိုးက ခတ်ဘူး"

ရိုင်း ရင်ခွင်ထဲခိုတဝင်ကာ
သီချင်းဆိုနေရာမှ
အငြိမ်မနေတယ့် အမူးသမားလေးက
လေယာဥ်ပျံကို လက်ညိုးထိုးရင်း
မြေကြီးပေါ်မှာ ထိုင်ကာ
ကြက်ကလေးတွေတောင်ပံခတ်သလို
လုပ်ပြနေလေသည်။

ရိုင်းမှာတော့ မူးပြီးအူမြူးနေတယ့်
ကိုကို့ကို ဒီတိုင်းသာ ချထားတော့
ဆိုခြင်ရာဆို ပြောခြင်ရာပြေကာ
ငိုလိုက်ရယ်လိုက်နဲ့ အမူးသမားလေးဟာ
တစ်အောင့်လောက်နေတော့
အင့်ခနဲတိတ်ကာ
ဟိုကြည့်ဒီကြည့်
ထို့နောက်သူ့ရှေ့မှာ မတိတပ်ရပ်နေတယ့်
ရိုင်းကိုတွေ့တော့
မျက်လုံးဝိုင်းလေးတွေနဲ့ မော့ကြည့်ကာ
လက်ကလေးကို ဆန့်တန်းပြသည်။

"အင့်ဟင့်မောင် ဟင့်အင့်မောင်လို့
ယောကျာ်း"

ပြောနေရင်းမှ ငိုချလာတယ့်
ကိုကို့ကို ရိုင်းမှာအသည်းမမာနိုင်စွာ
ပွေ့ကာချီလိုက်တော့
ကိုကိုကအင့်ခနဲလေး ရှိုက်ရင်း
မောင့်ရဲ့ လည်တိုင်ကို လက်ကလေးတွေနဲ့
သေချာဖက်ထားသေးသည်။

"ကိုကို အိပ်နေပြီလား"

"အင့် ကိုယ့်မှာ မောင်ဘဲရှိတယ်ဟင့်"

Simple{ပူတူးလေးများနှင့် ကျွန်တော်ချစ်ရသောမောင်}completeWhere stories live. Discover now