Ep10

2.5K 144 10
                                    

"မောင်ရေ သွားကြမယ်လေ
ရော့ ကိုယ်အနွေးထည်ယူလာတယ်
ဝတ်ဦး "

အပေါ်ထပ်ကနေ ကုတ်နီညိုကွက်လေးကိုဝတ်ကာ လက်ထဲကနေလည်း
ကိုင်ရင်း ဆင်းလာတယ့်
ကိုကို့ကြောင့်
ရိုင်း ဧကရာဇ် သွေးတို့နဲ့ ဖုန်းပြောနေရာကနေ
ဖုန်းချကာ သွားလိုက်တော့
ကိုကိုဟာ
သူဝတ်ထားတယ့် ကုတ်ကို ချွတ်​ေပးရင်း
လက်ထဲကနေ ကိုင်လာတယ့်
ကုတ်ကို ရိုင်းဧက္ကရာဇ်ကို ဝတ်ပေးလေသည်။

လွန်းသုထက် မောင့်ကိုကုတ်
အင်္ကျီလေးဝတ်ပေးလိုက်တော့
ကွက်တိလေးဖြစ်နေတယ့် ကုတ်အရှည်
အင်္ကျီလေးဟာ
မော်ဒယ်တစ်ယောက်လို ကိုယ်နေဟန်ထားနဲ့
မောင်နဲ့ လိုက်ဖက်လွန်းသည်။

ကိုယ့်လက်ကလေးနဲ့ ကိုယ်တိုင်လုပ်ပေးတာပေးထားတာလေးက
မောင်နဲ့ ကြည့်ကောင်းလွန်းတာကြောင့်
ပျော်ရွှင်ရသည်။

ရိုင်း သူ့ကိုကုတ်လဲဝတ်ပေးကာ
ကိုယ်ကိုတစ်ပတ်လှည့်ကြည့်စေရင်း
ပြုံးနေတယ့် ကိုကိုကြောင့်
ဆင်တူဖြစ်နေတယ့် ကုတ်လေးဟာ
ဘယ်လိုဆိုတာ ရိုင်း
သိလိုက်ပါသည်။

ကော်လံကို သေချာပုံချပေးနေတယ့်
ကိုကိုရဲ့ လက်ကလေးကို
ဆွဲကိုင်လိုက်ရင်း
မြတ်နိုးစွာ နမ်းရှိုက်လိုက်သည်။

"ပြောပါဦးကိုကို
ဒီဝတ်စုံအတွက် မောင်မြတ်နိုးလို့
အပွန်းပဲ့မခံနိုင်တယ့် လက်ကလေးတွေ
ထိခိုက်သေးလား "

နဂိုက စူးရဲတယ့်အကြည့်တွေ
မျက်နှာတည်တွေနဲ့ ကြည့်ကာမောင်က
မေးလိုက်ပေမယ့်
သူသိသည် မောင့်မျက်လုံးအိမ်ထဲကနေ
တဆင့်
ထိခိုက်မှာစိုးလို့ စိတ်ပူတာရော
ရလိုက်တယ့် ကုတ်ကလေးကိုရော
ဘယ်လောက်တောင် သဘောကျကာ
တန်ဖိုးထားကြောင်း မြင်နေရသည်။

မောင်က အဲ့လိုဘဲ
သူ အညောင်းမိမှာ ထိခိုက်မှာစိုးလို့
ထုတ်မပြတတ်ပေမယ့်
သူချုပ်ပေးတယ့် အဝတ်တို့ကို
လျော်ဖို့ မပြောမချင်း
ညစ်ပတ်လေးလုပ်ကာ မြတ်နိုးစွာ
ဝတ်တတ်သည်။

"မထိခိုက်ပါဘူး မောင်ရယ်
တကယ်ပြောတာပါ ဒီမှာကြည့်လေ "

လက်ကလေးကို ထောင်ပြကာ
ရယ်ပြတယ့် ကိုကိုကြောင့်
ရိုင်းမှာ ကိုကိုရဲ့ခါးလေးကို
နီးကပ်အောင် ဆွဲ၍ဖက်ပြီး
ပါးလေးကို နမ်းရှိုက်လိုက်သည်။

Simple{ပူတူးလေးများနှင့် ကျွန်တော်ချစ်ရသောမောင်}completeWhere stories live. Discover now