Ep20

1.7K 106 3
                                    

ကုတင်ပေါ်မှာ ဆူပုတ်ကာ
အဝတ်တွေခေါက်ရင်း ထိုင်နေတယ့်မောင်
သားတို့ကလဲ ဝိုင်းပြီး အဝတ်တွေခေါက်ပေးနေလျက်

လွန်းမှာ ညအိပ်ခါနီး
ရေချိုးခန်းထဲဝင်ကာ သွားတိုက်ပြီး
ထွက်လာတော့
တစ်ချက်သာ မော့ကြည့်ပြီး
ဆက်လုပ်နေတယ့် မောင်ကြောင့်
ခေါင်းလေးသာခါမိရင်း
အနားကို သွားထိုင်လိုက်သည်။

"မောင်ရေ ယောကျာ်းရေ"

"ပါပါးခေါ်နဲ့ ဒယ်ဒီ စိတ်ကောက် "

အဝတ်တွေကို ကွမ်းယာလေးလိုဖြစ်အောင်
ထုတ်ပြီး ခေါက်နေရာကနေ ထွက်လာတယ့်
သုလေးရဲ့အသံ

ဘေးနားကနေ မြင်နေရတယ့်မောင့်ရဲ့မေးရိုးထင်းထင်းလေးကိုပါ
လွန်း မွှစ် ခနဲ အနမ်းပေးရင်း
ဘေးနားကနေ ဖက်လိုက်တော့
ဆူပုတ်နေသေးတယ့်မောင်ဟာ တစ်ချက်မှမလှုပ်

မောင်ကတော့လေ ကြာလေ ချွဲလေ
ကလေးလေးနဲ့ တူလာလေဘဲ။

"ဘာဖြစ်လို့လဲ မောင်ရဲ့
ဟင် ကိုယ့် ကလေးလေး ဘာဖြစ်တာလဲ
ဒီက ကိုကို့ကိုပြောပြလေ"

"မောင်ကလေ မွေးနေ့ကို အံ့ဩအောင်လုပ်မလို့
ဒါပေမယ့် အခုကိုကိုက မောင်အံ့ဩအောင်
လုပ်မှာကို သိသွားပြီမလား
အဲ့တော့ မောင်က ဝမ်းနည်းသွားတာ
အားလုံးစီစဥ်ပြီးမှ ခုလိုဆိုတော့"

"မောင်ရယ် ဝမ်းမနည်းနဲ့ ကိုယ်ခုလဲ
မောင်ဘဟ်လိုစီစဥ်ထားလဲ သိတာမှ မရှိတာ
ဟုတ်တယ်မလား မောင့်ရဲ့အစီစဥ်တွေ မပျက်သေးပါဘူး"

"တကယ်လား"

"တကယ်ပေါ့"

"ဟွန့် ဒယ်ဒီက သုလေးထက်တောင် ချွဲသေးတယ် "

"တွေ့လားမောင် ကလေးတောင် မောင့်ကို
ပြောကုန်ပြီ"

"ပြောပါစေ မောင်က ချွဲလို့ရတယ့်
အလိုလိုက်တယ့် အရမ်းအရမ်းကို ချစ်ပေးတယ့် ကိုကိုရှိလို့ ချွဲတာ ဆက်ချွဲမှာဘဲ"

"ဟားဟား မောင်ကတော့လေ
တကယ်ကလေးလေးဘဲကွာ"

"ဟုတ်တယ် မောင်က ကိုကို့ကလေးလေး"

ပြောမရစွာ အဝတ်ခေါက်နေရင်းနဲ့ပင်
ရင်ခွင်ထဲ တိုးဝင်လာပြန်တယ့်
မောင်ကြောင့်
ဆံပင်လေးတွေကိုသာ ခပ်ဖွဖွသပ်ပေးတော့
ကလေးတွေကပါ ဝိုင်းပြီး ဖက်လာသည်မလို့
လွန်းမှာ ကလေးတွေနဲ့ ယောကျာ်းကြားမှာ
လူကပိလျှက် မျက်နှာလေးသာ ပေါ်တော့သည်။

Simple{ပူတူးလေးများနှင့် ကျွန်တော်ချစ်ရသောမောင်}completeWhere stories live. Discover now