Ep38 {Final}

4.4K 113 7
                                    

"ဟင်  ကျေးဇူးပါမောင်"

"မောင်တို့ကြားမှာ
မလိုအပ်တယ့်စကားကို မပြောပါနဲ့
ကိုကို တစိမ်းဆန်တယ်။"

"ဟုတ်ပါပြီ"

လွန်းသုထက် မောင့်ရဲ့စကားအဆုံး
ခေါင်းလေးသာငြိမ့်ပြလို့
အပြုံးလေးနဲ့သာ ဖြေလိုက်သည်။

ပြတင်းပေါက်လေးဖွင့်ကာ
စာကြည့်ခန်းထဲက ဆိုဖာမှာထိုင်ကာ
albumတွေပြန်ကြည့်နေတယ့် ကိုကို့ကို
ရိုင်းအပေါ်ထပ်လေးခြုံပေးရင်း
နောက်ကနေဖက်ထားကာ
ကိုကို့ရဲ့ လည်တိုင်လေးနဲ့
ဘေးနားကနေ မြင်နေရတယ့်
ပါးလေးအား တရွှတ်ရွှတ်နမ်းရှိုက်နေမိသည်။

လွန်းမောင့်ရဲ့လက်ကလေးတွေကိုပင်
ထပ်၍ကိုင်ကာ ဆက်လို့ albumကို
ကြည့်နေတော့
မောင်နဲ့သူ့ရဲ့ပုံလေးတွေကိုရောက်တော့
မောင် ပါးလေးကို နောက်တစ်ကြိမ်
ရွှတ်ခနဲနမ်းလို့ ပြုံးနေလေသည်။

"တော်တော့မောင်
ကိုယ့်ပါးကြီး ချိုင့်သွားတော့မယ်"

"မောင်က ချိုင့်အောင့်တော့
နမ်းပါ့မလား ခုက ကိုကို့ကိုအရမ်းချစ်တော့
နမ်းခြင်စိတ်ကိုမထိန်းချုပ်နိုင်လို့ပါ"

"ဟုတ်ပါပြီ နမ်းပါ နမ်း မောင့်သဘောဘဲ"

ထို့နောက် လွန်းသုထက် ခနအကြာထိ
ကလေးတွေနဲ့ သူတို့ပုံလေးတွေကို
ကြည့်နေမိတော့
မောင်ဟာ အနားကိုရောက်လာလို့
ပေါင်ပေါ်လေးကို ခေါင်းအုံးလာသည်။

လွန်းမြတ်နိုးစွာကိုင်ထားလို့
ကြည့်နေတယ့် albumလေးမှာ
သားကြီးနဲ့ ငယ်လေး{သျှားရောင်စဥ်}ရဲ့
လက်ထပ်လက်မှတ်ထိုးတုန်းက
ပုံလေးပါပါလေသည်။

ကလေးတွေဟာ ခုဆို
အိမ်ထောင်ကိုယ်ဆီနဲ့ ဖြစ်​နေကြပြီ
လွန်းနဲ့မောင်ကရော
အွန်း အလုပ်တွေကိုအနားယူလို့
နှစ်ယောက်အတူ လျှောက်သွားမယ်
ခုလိုလေး နေမယ်
ဘယ်လောက်တောင်ကြည်နူးစရာကောင်းလိုက်လဲ။

albumလေးကို ပိတ်လို့
ဘေးနားချရင်း
မောင့်ရဲ့ပါးလေးကို တို့ကြည့်လိုက်
ဆံပင်လေးတွေ ဖွပေးလိုက်ဖြင့်
အနမ်းတို့ပေးကာ
လွန်းသုထက် မြတ်နိုးခြင်းကြောင့်
အသည်းတယားယားနဲ့
အချိန်ကို သတိရလို့ကြည့်တော့
၉နာရီတောင်အတော်ကျော်နေပြီ။

Simple{ပူတူးလေးများနှင့် ကျွန်တော်ချစ်ရသောမောင်}completeWhere stories live. Discover now