Ep5

3K 182 3
                                    

"အင့် မောင်စိတ်လျော့ဦးလေ "

"ဝုန်း !"

ထိုအသံကတော့ ရေချိုးကန်ထဲကို
ပြုတ်ကျသွားတယ့် လွန်းသုထက်ရဲ့ကိုယ်လေးကြောင့်
ထွက်ပေါ်လာခြင်းပင်

အပေါ်ကနေ မောင်ဟာ အုပ်မိုးလျှက်
သူ့ရဲ့ရှည်လျားနေတယ့် ဆံပင်တွေကို စုကိုင်ကာ
ရေအပြည့်ဖြည့်ထားတယ့် ကန်ထဲကို နှစ်ချလိုက်တာမလို့
လွန်းသုထက် အတော်မွမ်းသွားသည်။
တစ်ဖန် ဆံပင်ကနေ ဆွဲလိုက်သည်မလို့
ရေပေါ်ပြန်ပေါ်လာချိန်
မောင်ဟာ သူ့လက်တွေကို
ဆွဲလျက် ဆပ်ပြာတွေနဲ့ပွတ်ကာ
ချေးချွတ်တယ့်အဝတ်နဲ့ တစ်ကိုယ်လုံးကို
ပွတ်သပ်နေတာကြောင့်
အသားတွေပင်ရဲကာ တက်လာလေပြီ။

*ဘုရားရေ မောင်
ဘယ်လိုတောင်ဖြစ်နေတာလဲ *

ဒေါသထွက်နေဆဲမောင်ဟာ
စိတ်လွတ်နေသလို
တစ်ခါမှမကြောက်ဘူးခဲ့တယ့် လွန်းဟာ
ခုတော့ ကြောက်ရွံ့နေခဲ့ပြီ
အသားနာတာကြောင့်လား
မဟုတ်ပါ
သူ့ကြောင့် မောင်စိတ်တွေဝမ်းနည်းကာ
နှလုံးသားလေး နာကျင်နေပြီး
ဒီလိုအပြုအမူတွေအထိ
ဖြစ်နေစေမိတာကြောင့်ပင်။

လွန်းသုထက် သူ့ကို ကြမ်းတမ်းစွာ
ပြုမူနေတယ့်မောင်ကြောင့်
ရုန်းကန်နေမိတာကို သတိကပ်၍
ပြန်လည် ငြိမ်သက်ရင်း
မောင့်ရဲ့ မျက်နှာကိုသာ ကြည့်နေမိသည်။

နာတယ်မောင် မောင်ရဲ့ကြမ်းတမ်းတယ့်
အထိအတွေ့ကြောင့်မဟုတ်ဘူး
ကိုယ်ကြောင့် မောင့်ကိုနာကျင်​ေစမိလို့
ရင်ဘက်ထဲကနာနေတာ

ရိုင်းဧက္ကရာဇ်ကတော့
အခုချိန် သူ့စိတ်ထဲရှိနေသည်က
ကိုကို့ရဲ့ ခန္ဓာကိုယ်မှာ ဟိုလူထိတွေ့ခဲ့သမျှ
နေရာတွေအကုန်လုံးကို
ဆေးကြောပစ်ခြင်တာသာ
ရှိနေသည်။

အချစ်ရဲ့ကိုယ်ပေါ်မှ မောင်ရဲ့ အငွေ့သက်နဲ့
မောင်ရဲ့ထိတွေ့ထားမှုတွေဘဲ ကျန်ရှိနေရမည်။
အချစ်ဟာ မောင့်အပိုင်
မောင်ဟာ အချစ်ရဲ့အရာအားလုံးကို
ပိုင်ဆိုင်သည်။
ဒါကြောင့် တစ်ခြားအရာတွေထိထားတာကို
ဖျက်ဆီးပစ်ရမည်။

အတွေးနဲ့ထပ်တူကျစွာ
ရိုင်းဟာ စုပ်ကိုင်ထားတယ့်
ဆံပင်တွေကို မလွှတ်ဘဲ
ပြန်လည်ဆွဲဆောင့်ကာ ခေါ်လာရင်း
မွေ့ယာထက်ကို တွန်းပစ်လိုက်သည်။

Simple{ပူတူးလေးများနှင့် ကျွန်တော်ချစ်ရသောမောင်}completeWhere stories live. Discover now