Ep33

1.6K 95 4
                                    

၆လခန့်ကြာသော်

"မောင် အပြင်သွားစရာရှိတာလား"

"ဟုတ်တယ် ကိုကို"

လွန်းသုထက် မောင့်ရဲ့စကားကြောင့်
နာရီကိုမော့ကြည့်လိုက်တော့
ဧည့်ခန်းရှိ နာရီလက်တံတိုလေးက ဖော်ပြနေတာက
ည၉နာရီခွဲတယ့်
လွန်းသုထက် သက်ပြင်းကို မသိမသာချလိုက်မိသည်။

မောင်သည် မောင့်အဖေဆုံးတယ့်ကိစ္စမှာ
ရိုက်ချက်ပြင်းစွာ
ပုံစံပင် ပြောင်းလဲသွားသည်။
အွန်း မောင်က သူ့ကိုသူ မချွဲဘဲ
သန်မာအောင်နေလာတာပေါ့
ဒါကို လွန်းသုထက်မှာ စိတ်မကောင်း
ဝမ်းနည်းတိုင်းလွန်းရင်ခွင်မှာ
ငိုကျွေးတတ်တယ့်မောင်က
အဲ့ကိစ္စနဲ့ပတ်သတ်ရင် မငိုကြွေးဖြစ်အောင်
ရန်ပွဲတွေနဲ့ ဝမ်းနည်းစိတ်ကို ဖြေဖျောက်သည်။

*မောင်ကတော့လေ သူ့ကိုယ်သူ
ကိုယ်နဲ့စတွေ့တုန်းက
အရွယ်လေးဘဲထင်နေတာလားမသိဘူး*

...................................................

ရိုင်းဧကရာဇ် ကားမောင်းနေရာကနေ
ဘေးမှာထိုင်နေတယ့် ကိုကို့ကို စောင်း၍
တစ်ချက်တစ်ချက် ခိုးကြည့်နေမိသည်။
ကလပ်သွားမှာကို သိတယ့်ကိုကိုဟာ
ဘောင်းဘီဂျင်းအမဲနဲ့ နက်စွေးနေတယ့်
ရိုင်းရဲ့ ရှပ်အင်္ကျီတစ်ထည့်ကို
ဝတ်ဆင်လာလို့
ခါးထဲကို အင်္ကျီစလေးတွေ ထိုးထည့်ထားတော့
ကြီးနေတယ့် အင်္ကျီကြောင့်ရော
စည်းထားတယ့်ဆံပင်ကြောင့်ရော
လည်တိုင်လေးက ဖွေးနေအောင်
ပေါ်နေကာ
ဆွဲဆောင်မှုရှ်တာကြောင့်
ရိုင်း စတီယာတိုင်ကိုသာ
လက်နဲ့တင်းနေအောင် စုပ်ကိုင်မိသည်။

*ကျစ် မောင်ပေးထားတယ့် မာကင်ရာတွေ
မရှိတော့ပြန်ဘူး *

"ဒီးးးး ဒီးးးးး"

ရိုင်းဧကရာဇ် ကားမောင်းနေရင်းနဲ့
ဖုန်း vibrateအသံကြောင့်လှည့်ကြည့်တော့
ကိုကို့ဖုန်းဖြစ်နေလေသည်။

"hello သားတို့"

"..............."

"ရောက်ပြီမလားအွန်း
ဂရုစိုက်နော် သားငယ်လဲ အကြီးတွေစကားနားထောင်
သားကြီးလဲ မုန့်တွေအချိုတွေအရမ်းမကျွေးနဲ့
တစ်ခုခူဆို ဖုန်းဆက်"

Simple{ပူတူးလေးများနှင့် ကျွန်တော်ချစ်ရသောမောင်}completeWhere stories live. Discover now